Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သုံးလ နီးပါးမတွေ့ရတဲ့ သမီးတွေနဲ့ ဒီနေ့ပြန်ဆုံရလို့ ပျော်နေတဲ့ နီတာ

ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် နီတာဟာ ဘာသာရေးပွဲတစ်ခုကို တက်ရောက်မိခဲ့တာကြောင့် Covid 19ရောဂါကူးစက်ခံခဲ့ရပါတယ်။ အဲ့လိုကူးစက်ခံခဲ့ရတာကြောင့် ဖောင်းကြီးမှာ ဆေးကုသမှုခံယူခဲ့ကာ မေလ ၂၁ရက်နေ့မှာတော့ ရောဂါကင်းစင်ခဲ့တာကြောင့် အိမ်ပြန်ခွင့်ရခဲ့တာဘဲဖြစ်ပါတယ်။

နီတာက အိမ်ပြန်ရောက်ပြီးနောက် ဆေးရည်ကြည်ကုထုံးအတွက် သွေးလှူခဲ့တဲ့အကြောင်းကိုလဲ ” ဝေဘာဂီဆေးရုံတွင်ဆေးရည်ကြည်ကုထုံးအတွက်သွေးလှူပြီးဆရာဝန်ဆရာမများအတွက်ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့ပါတယ် ” လို့ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

အဆိုတော်နီတာဟာ ဆေးရုံမှာ ၂လ ကျော် ခန့် ဆေးကုသမှုခံခဲ့ရတာကြောင့် သမီးလေးတွေနဲ့ မတွေ့ရတာကလဲ ၂လကျော်ခန့်ရှိပြီမို့ လွမ်းနေကြပြီး ယနေ့မှာတော့ ဆုံခဲ့ရပြီလို့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သမီးတွေနဲ့ပြန်လည်တွေ့ဆုံခဲ့ရလို့ ပျော်နေတဲ့အကြောင်းကိုလဲ ” အချစ်ဆုံးလေးသုံးယောက်နဲ့အခုဆုံရပါပြီ အရမ်းချစ်တယ်နော် ” လို့ဆိုကာ သမီးတွေနဲ့ ပြန်ဆုံတဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ဖော်ပြခဲ့ပါတယ်။

ယခုလို မိသားစုနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီဖြစ်တဲ့ အဆိုတော် နီတာ့အတွက် ၀မ်းသားကြောင်းလေးတွေပြောပေးခဲ့ကြပါဦးနော်။ ယနေ့အထိ ရောဂါပိုးတွေ့ရှိသူ ၂၂၄ ဦးရှိခဲ့ပြီး သေဆုံး ၆ဦးရှိခဲ့ကာ ပိုးကင်းစင်သူ ၁၃၀ဦးအထိရှိလာခဲ့ပြီလို့ သိရပါတယ်။

Snow(mcc)

(Visited 531 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ