Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သုံးဖက်သော မိဘရှေ့မှာ စေ့စပ်ခဲ့ကြတဲ့ အမွန်းတို့ စုံတွဲ

အလန်းစားအမိုက်စား သီချင်းတွေကို သီဆိုဖျော်ဖြေရင်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ဂရုစိုက်မှုကို ရရှိခဲ့တာဖြစ်ပြီး သူမရဲ့ ပွင့်လင်းမှုတွေကြောင့် ချစ်ခင်တဲ့သူတွေရှိသလို ဝေဖန်တိုက်ခိုက် သူတွေလဲ ရှိပါတယ်။ သူမ က လတ်တလောမှာတော့ ချစ်သူ နိုင်ငံခြားသားနဲ့ မိဘချင်းတွေ့စုံစေ့စပ်ခဲ့တဲ့အကြောင်းနဲ့ လက်ထပ်တော့မယ့်အကြောင်းကို ပြောပြလာပါတယ်။

သူမ​ က” Happy New Year , Happy News !! 🔔 👰🏻🤵🏻✨ Today , in the presence of our beloved families and honorable church pastors , my fiancé was given a beautiful Kachin Name “ Zau Lawn Lahtaw “ ! 🙏🏼♥️ Wedding bells are ringing end of this year 2020 ! 💍💒 💞 We are very delighted to announce in details soon !”

“သူကျွန်မကို ပြီးခဲ့တဲ့နှစ်၂၀၁၉ သြဂုတ်လ ချစ်သူသက်တမ်းေ လးနှစ်ပြည့်ချိန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်, ဒီနေ့မှာ တော့ သုံးဖက်သောမိဘရှေ့( သူ့မိဘ, ကျွန်မမိဘနဲ့, ကချင်ထုံးတမ်းစဉ်လာအရ သူ့ကိုသားအဖြစ်အသိအမှတ်ပြုေ မွးစားတဲ့ သူ့ရဲ့ ကချင်မိဘ Duwa Lahtaw Hkun Myat Family ) လူကြီးစုံရာနဲ့ သူ့ကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲလေးကျင်းပပြီး ပါပြီ ! 🙏🏼 မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ်🥰” လို့ ဆိုကာ ပြောပြခဲြ့ပါတယ်။

မကြာခင်မှာ ချစ်ရသူနဲ့အတူ လက်တွဲရတော့မှာမို့ အမွန်းတစ်ယောက် တည်ငြိမ်ပြီး ချစ်စရာကောင်းနေတာကိုလဲတွေ့ရမှာပါ။ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေက အရမ်းကိုချစ်စရာကောင်းနေလို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Snow(mcc)
Source – Ah moon’sfb

(Visited 3552 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ