သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဆုံခဲ့ဖူးတဲ့ လွှမ်းပိုင်၊ ရဲရင့်အောင် နဲ့ဖွေးဖွေးတို့ဆုံကြမယ့် ရောသမမွှေ

ပရိသတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားပြီး အမာခံ ပရိသတ်တွေ ကိုယ်စီနဲ့အတူ အနုပညာလောကမှာ ရပ်တည်နေတဲ့ အဆိုတော် လွှမ်းပိုင်၊ ရဲရင့်အောင်၊ သားစိုး၊ မိုးမိုး၊ ရဲလေး တို့နဲ့ အတူ အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးနဲ့ ဖြူဖြူထွေးတို့ပါဝင်တဲ့ ရောသမမွှေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မှာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အချစ်တွေကို တစ်ခဲနက်ရရှိထားတဲ့သူတွေက ပါဝင်ရိုက်ကူးကြမှာ ဖြစ်လို့ ဒီရုပ်ရှင်ဇာတ်ကားက ဝန်းရံသူတွေနဲ့ ပြည့်နက်နေအုံးမယ် ထင်မိပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေး အခမ်းအနားကို ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရောသမမွှေဇာတ်ကားကိုတော့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များမှာ လွှမ်းပိုင်၊ ရဲရင့်အောင်၊သားစိုး၊ မိုးမိုး၊ ရဲလေး၊ ခင်လှိုင်၊ဂျိူကာ၊ ဖွေးဖွေး၊ဖြူဖြူထွေး၊ Project K နဲ့ အနုပညာရှင်များစွာ ပါဝင်ရိုက်ကူးသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။

ကြည့်ရှု့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – ရောသမမွှေ ရုပ်ရှင်ဇာတ်ကားကြီး

(Visited 409 times, 4 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ