Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သီဟတင်စိုးနဲ့ မိသားစုကြားက ပြဿနာတွေကို ရင်ဖွင့်လာတဲ့ ညီဖြစ်သူ စည်သူတင်စိုး

ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တော်လှန်ရေးမင်းသားကြီး အဖြစ် နာမည်တွင်ခဲ့တဲ့ အကယ်ဒမီ သီဟတင်စိုးဟာ မိသားစုတွေနဲ့ ကြီးမားတဲ့ ပြဿနာတွေ ရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီပြဿနာတွေကို မသိတဲ့ ပရိသတ်တွေက သားကြီးဖြစ်တဲ့ သီဟတင်စိုးကို ပြစ်ထားတယ်လို့ ဆိုကာဝေဖန်နေတာတွေရှိတာကြောင့် ခုလို ဖြေရှင်းရတာပါလို့ဆိုကာ ဖြစ်စဥ်အားလုံးကို ညီဖြစ်သူ စည်သူတင်စိုးကပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တဲ့ အစအဆုံးကတော့ ” ကိုယ်တိုင်သေချာမသိပဲ ကြားသုံးကြားထဲဝင်ပါပြီး လိုင်းပေါ်မှာထင်ရာမြင်ရာပြောနေကြလို့အမှန်တရားကိုရှင်းပြတာ ….အမေ့ကိုအမွေတောင်းတယ်။ကုန်သွားမှာစိုးလို့ မပေးဘူးပြောတော့   အ​မေ့ကို ဓားနဲ့လိုက်တယ်။ မောင်နှမ၅ယောက်မှာတစ်ဦးချင်းဆီအတွက် သူ့ဝေစု ၊သူရသင့်ရထိုက်တဲ့သိန်းပေါင်း ၁၂၀၀၀ (ငွေကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်)ပိုက်၊ပျော်ပျော်ပါးပါးကြီးယူ ထွက်သွားခဲ့တာ။အမေသေလည်းမလာဘူး၊မောင်နှမတွေသေလည်းမလာဘူးဆိုပြီးတစ်ခါတည်းဆွေခန်းမျိုးခန်းဖြတ် သူကအရင်ဖြတ်သွားတာ”

” အမေက ဘယ်သူ့ဘယ်သူအပေါ်မှ မတရားလုပ်ထားတာမရှိဘူး။အားလုံးညီတူမျှတူဘဲ။သူမိန်းမယူတဲ့အချိန်တုန်းကလည်းအမေကသူ့မိန်းမရဲ့နောက်ကြောင်းအရှုပ်ထုပ်တွေကိုငွေထုပ်ပိုက်ပြီးတဖက်လူကိုခြေထောက်ဖက်တောင်းပန်ပြီးလျှော်ကြေးပေးခဲ့ရတာ အားလုံးသိတယ်။ သူသာ အကိုကြီးအဖရာအနေနဲ့ရော…သားကြီးသြရသအနေနဲ့ရော ..နောက်ဆုံးသူကိုယ်တိုင်မွေးထားတဲ့ သူကလေး​တွေ အပေါ်မှာရော …ဘယ်တစ်ခုမှတာဝန်မကြေခဲ့ဘူး…လင်မယားနှစ်ယောက်လုံးပျော်ပျော်ပါးပါး တက်ညီလက်ညီသုံးဖြုံးလိုက်ကြတာများ..ခုဆို သူတို့ရဲ့ကလေး၂ယောက်စလုံးကိုပါ ကျောင်းထုတ်ပြစ်ထားတဲ့အထိ”

“ကောင်းစားစဥ်ကလည်းအဖေ့ဆီကိုလင်မယားနှစ်ယောက်လုံးမသွားဖူး..၊မလာဖူး..၊သီတင်းကျွတ်တောင်သွားမကန်ခဲ့ကြဖူးဘူး၊၊သူတို့ဒုက္ခရောက်လို့ငတ်ပြတ်တဲ့အချိန်ကြမှအဖေ့ကိုသွားအပူကပ်၊ငိုပြ၊နှိပ်စက်လိုက်ကြတာ  အဖေဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ဆုံးသွားခဲ့ရတဲ့အထိပဲ၊၊ ပိုစ့်တင်ထားတဲ့ဟိုတစ်ယောက်ရော သူ့ကိုသိပ်ချစ်ကြ ၊သိပ်အပြစ်ကင်းတယ်ထင်ပြီးလိုင်းပေါ်မှာအာချောင်နေကြတဲ့သူတွေရော၊ မနေနိုင်ရင် မကျေနပ်ရင်စုပေါင်းပြီးသာစိုက်လျှော်ပေးလိုက်ကြတော့ဗျို့ ။ ရှေ့မှာသူတို့လင်မယားမိုက်ခဲ့ကြသမျှ ကျွန်တော့်အမေနောက်ကနေလိုက်ရှင်းခဲ့ရတာတွေကိုတခုချင်းစီပြောပြရရင်စိတ်ဆင်းရဲပြီးကိုယ့်ကိုယ်တောင်သတ်သေသွားလိမ့်မယ်…”

“တစ်မိသားစုလုံးမှာသမီးမိန်းကလေးတစ်ယောက်ပဲပါလို့ ဝိုင်းပြီးချစ်ကြရတဲ့ ကျွန်တော့ညီမ…အိမ်ကစီပွားရေးလုပ်ငန်းမှန်သမျှသူ့နာမည်ပေးခဲ့တဲ့အထိတအိမ်လုံးကဝိုင်းချစ်ကြတဲ့ကျွန်တော့်ညီမ…အကိုအကြီးဆုံးကနေစပြီး အကိုအယောက်ဆီတိုင်းအပေါ်(သူ့အိမ်ထောင်နဲ့သူဖြစ်နေတာတောင်)တာဝန်ကျေတာထက် ပိုပြီး သိတတ်တဲ့ကျွန်တော့်ညီမ…သူတပါးမိသားစုအတွင်းရေးသေချာလည်းမသိဘဲရမ်းသန်းအာချောင်ချင်ပြီး သူ တစ်ခုခုဖြစ်တာနဲ့…ကျွန်တော့် ညီမကို လာပြောနေ​ကြတဲ့သူတွေ… သေသေချာချာ ဖတ်ကြည့်ပေးပါ” လို့ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒါတင်မက ဒီထက်မှအသေးစိတ်သိချင်ကြသေးတယ်ဆိုရင်လည်း ကျွန်တော့်ဖုန်းနံပတ်   ၀၉ ၄၅၁၄၆၆၆၁၆ ကို ဆက်မေးကြပါ။ တဖက်သတ်အမြင်နဲ့စိတ်ထင်ရာပေါက်ကရတွေ ဝင်ရေးဝင်မန့်နေကြတာ ကျေးဇူးပြုပြီးရပ်ပေးကြပါလို့ ဆိုကာ မိသားစုရဲ့ အိမ်တွင်းရေးပြဿနာတွေ စည်သူတင်စိုး ထုတ်ဖော်​ပြောပြခဲ့ပါတယ်။

ဒီလို ပရိသတ်တွေဘက်က ဝေဖန်ခဲ့ကြတာကတော့ သူတို့ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်ချိန်က နာရေးဖိတ်စာမှာ သားအကြီးဖြစ်သူ သီဟတင်စိုးရဲ့နာမည်မပါတဲ့ ကိစ္စကနေစတင်ခဲ့တာဖြစ်ပါတယ်။ သီဟတင်စိုးဟာ ရုပ်ရှင်ကားကြီးတွေများစွာရိုက်ကူးခဲ့သလို အကယ်ဒမီဆုတွေလဲ ရရှိခဲ့သူပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေမလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာ စောင့်ချ လုပ်ကိုင်နေတာလဲ ဖြစ်ပါတယ်။

သီဟတင်စိုးအတွက် စိတ်မကောင်းဖြစ်သူတွေက သတင်းကိုဖတ်ရှု့ပြီး နားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ် ။ ပရိသတ်အားလုံး ဒီလိုကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ မဟုတ်မှန်တဲ့ဝေဖန်ပြောဆို ပြစ်တင်မှုတွေ မလုပ်ကြဘဲ မိသားစုကို ဂရုစိုက်ကြပါစို့နော်။ ဖတ်ရူ့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 58184 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ