Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သီတင်းကျွတ်မှာ ခန့်စည်သူ ကို ကန်တော့ ခဲ့တဲ့ ထိပ်ထားလေး

ပရိသတ်တွေက အရမ်းချစ်ပြီး အားဝန်းရံခြင်းကို ခံခဲ့ရတဲ့ ထိပ်ထားသခင်ဟာ ယခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေ ရုပ်ရှင်ကားတွေ များစွာ ရိုက်ကူးလာခဲ့ပါတယ်။ သူမဟာ ဖွေးဖွေးရဲ့ ငယ်စဥ်က ပုံစံလေးနဲ့ တူတယ်ဆိုပြီး ပရိသတ်တွေရဲ့ အားပေး၀န်းရံခြင်းကို ခံခဲ့ရတဲ့ လူတက်မလေးပါ။

သူမက ဖွေးဖွေးရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်သလို ဖွေးရဲ့အိုက်တင်တော်တော်များများကိုလဲ ပိုင်နိုင်စွာလုပ်ဆောင်နိုင်သူလဲဖြစ်ပါတယ်။ သူမက ပထမဆုံးအနေနဲ့ ဖွေးဖွေးနဲ့အတူကြော်ငြာတွေရိုက်ကူးခဲ့ပြီး အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ကားကြီး ရိုက်ကူးမှုတွေမှာပါ ပါဝင်လာခဲ့သူလဲဖြစ်ပါတယ်။

သူမကို ဖွေးဖွေးအပါအဝင် အနုပညာရှင်များစွာကလဲ ချစ်ခင်ကြပါတယ်။ ထိပ်ထားသခင်ဟာ ရှူတင်မှာ စုံတုန်း သီတင်းကျွတ် မှာ လူကြီးသူမတွေကို ကန်တော့တဲ့ အစဥ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ လူပျိုကြီး ခန့်စည်သူကို ကန်တော့ခဲ့ပါတယ်။ ခန့်စည်သူတစ်ယောက် ဝမ်းသာကြည်နူးနေပုံကို ခုလိုဘဲရေးသားလာပါတယ်။

” ဒီအစဥ်အလာကိုမြတ်နိုးတန်ဘိုးထားတတ်တဲ့အလေ့ကျင့်လေးတွေခလေးတွေရင်ထဲမှာကိန်းအောင်းနေတာမြင်ရတာကိုကမြန်မာတို့အတွတ်ကြည်နူးစရာပါ။မီးမီးလေးထိပ်ထားကျမ်းမာချမ်းသာပါစေ” လို့ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာလဲ ဖြစ်ပါတယ်။

ထိပ်ထားသခင်နဲ့ ခန့်စည်သူတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှု့နိုင်စေဖို့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Snow (mcc)

(Visited 1780 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ