Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သိပ်လှပတဲ့နေ့စွဲလေး တစ်ခု သူမမှာရှိခဲ့ကြောင်းပြောပြလာတဲ့ အေးမြတ်သူ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အပြင် သူမရဲ့ အပြုံးက အားလုံးရဲ့ရင်ကိုအေးချမ်းစေခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမက ဘယ်ဘာသာရေးကိုမဆို အလေးထားတဲ့သူတစ်ယောက် ဖြစ်တာကြောင့် သူမကို ဘယ်သူမဆိုကလဲ ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ အေးမြတ်သူကတော့ ယခုအခါမှာ အိန္ဒိယရိုးရာ၀တ်စုံလေး၀တ်ဆင်ကာ ပေါ်တော် မူရှန်ခိုက်ဘုရားပွဲတော် ကြီးကို သွားရောက်ဖူးမျှော် ကုသိုလ်ပြုခွင့်ရခဲ့လို့ သူမအတွက် အရမ်းလှပတဲ့နေ့ရက်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်လို့လဲ ပြောပြခဲ့ပါတယ်။

သူမပြောပြခဲ့တဲ့ အသေးစိတ်ကတော့ “ မင်္ဂလာတခုပြုချင်ခဲ့တဲ့ကျမ ရဲ့ ဆန္ဒလေးပြည့်ခဲ့ပြီ ပေါ်တော်မူရှန်ခိုက်ဘုရား ပွဲတော်ကြီး ကို သွားရောက်ဖူးမျှော်ကုသိုလ်ပြုခွင့်ရခဲ့တယ်ရှင့်… ဘုရားပွဲကြီး က ဒီနေ့ ၂၁.၂.၂၀၂၀ ထိ ကျင်းပမှာ မို့သွားရောက်ဖူးမျှော်နိုင်ပါတယ်ရှင့်…… ခုလို လှပပြည့်စုံခမ်းနားစွာဘုရားဖူးခွင့်ရအောင်..မေတ္တာ အပြည့်နဲ့စိတ်တိုင်းကျစီစဉ်ပေးတဲ့ မမ အလှဆုံးခြယ်သပေးတဲ့ ဂျက်ဆီကာဟန် ဓာတ်ဖမ်းပေးတဲ့မောင် cook… အရမ်းကျေးဇူးတင်ပါတယ့်ရှင့်.. ”

“စိတ်ဆန္ဒရှိသမျှအပင်းပန်းခံဖြည့်ဆည်းပေးတဲ့့ချစ်ဆုံး၂ယောက်ကတော့ ပြောဖွယ်ရာမရှိပေါ့ရှင့်….
မနေ့ကပြုခွင့်ရတဲ့ကုသိုလ်မင်္ဂလာအတွက်…. ကြည်နူးပျော်ရွှင်ရပါတယ်။ ၇ရက်သားသမီးများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ယုံကြည်ရာဘာသာတရား၏ ကုသိုလ်အ လှူပြုနိုင်သောအမျိုးကောင်းသားသမီးများဖြစ်ကြပါစေရှင် အစစအရာရာ လိုလေသေးမရှိအော င်ကူညီစောင်ရှောက်ပေးကြသောပေါ်တော်မူရှန်ခိုက်ဘုရားကြီး၏ အကျိုးတော်ေ ဆာင်ဘုရားဂေါပကအဖွဲ့မှ လူကြီးများအားအရမ်းကျေးဇူးတင်ပါတယ်ရှင့် ” လို့ ဆိုကာ သူမရဲ့ အပျော်တွေကို ကူးစက်နိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပရိသတ်တွေချစ်တဲ့ အကယ်ဒမီအေးမြတ်သူဟာ သူမချစ်တဲ့ ပရိသတ်တွေအတွက် အမျိုးသမီးဇာတ်ပို့ဆုတစ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူဘဲ ဖြစ်ပါတယ်။ သူမက နောင်တွင်ဥဒါန်းတွင်စေသတည်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အမျိုးသမီးဇာတ်ပုိ့ဆုကို ၂၀၁၈ခုနှစ်အတွက် ရရှိခဲ့သူဖြစ်ပါတယ်။

Snow(mcc)

(Visited 1540 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ