Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သိန်း ၁၀၀ မတည်ကာ ကာကွယ်ရေးတွေလုပ်ဆောင်သွားမယ် ဆိုတဲ့ ချစ်သုဝေနဲ့ လင်းလင်း

ပရိသတ်တွေရဲ့အချစ်တွေကို အစုလိုက်အပုံလိုက်ရရှိထားတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ မိသားစုလေးဟာ သူတို့ကိုချစ်တဲ့ပရိသတ်တွေရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးတဲ့ သူတွေပါ။ သူတို့ရဲ့ အမွှာသမီးနှစ်ယောက်အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ ဆိုရင် ကိုရိုနို ဗိုင်းရပ်စ်ကာကွယ်ရေး အတွက် သိန်း ၁၀၀ကျပ် မတည်ခါ လုပ်ငန်းစဉ်များ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

သူတို့ကြေညာခဲ့တာကတော့ ” သိန်း(၁၀၀)ကျပ်မတည်ကာ စုပေါင်းလှူဒါန်းမည်။ ခေတ်သစ်ဖောင်ဒေးရှင်းသည် ကလေးငယ်များရဲ့ ကျန်းမာရေးအား အလေးထား ကူညီဆောင်ရွက်နေသလို ပညာရေးကဏ္ဍအားလည်း တစ်ဖက်တစ်လမ်းမှ ကူညီနေသော အဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားကူးစက်နေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအား မြန်မာနိုင်ငံတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မိမိတို့ ခေတ်သစ်ဖောင်ဒေးရှင်းမှ သိန်း (၁၀၀) ကျပ်မတည်ကာ (၇) ရက်သားသမီးများနှင့်စုပေါင်းကာ လိုအပ်သည့်နေရာများအား ထိရောက်စွာလှူ ဒါန်းပေးသွားမည်ဖြစ်ပါတယ်”

“ခေတ်သစ်ဖောင်ဒေးရှင်းနှင့်အတူတကွပါဝင်လိုသော စေတနာရှင်/ကုသိုလ်ရှင်များအား လေးစားစွာဖိတ်ခေါ်ပါရစေ။ လှူဒါန်းလိုသူများအတွက် လှူဒါန်းနိုင်မည့် ဘဏ်အကောင့်အား ပူးတွဲဖော်ပြအပ်ပါတယ်။ အဆိုပါ ဘဏ်အကောင့်သည် ဖောင်ဒေးရှင်းနာမည်ဖြင့်ထားရှိပြီး ဖောင်ဒေးရှင်းရဲ့ အမှုဆောင် (၃) ဦးမှ ပူးတွဲဖွင့်လှစ်ထားခြင်းဖြစ်ပြီး (၂) ဦးအတည်ပြုမှသာ ငွေထုတ်ယူနိုင်သည့်စနစ်ကို အသုံးပြုထားခြင်းဖြစ်တယ်။ လှူဒါန်းငွေများကို တစ်ပြားတစ်ချပ်မှ အလေ အလွင့် အရှိစေဘဲ အကျိူးရှိထိရောက်စွာ အသုံးပြုသွားမည်ဟု လေးနက်စွာ ကတိပြုအပ်ပါတယ်။ ကျန်းမာပျော်ရွှင်သော ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေ” လို့ ဆိုကာ အလှူငွေတွေထပ်မံပံ့ပိုးကူညီနိုင်ဖို့ကိုလဲ လှုပ်ဆော်ခဲ့ပါတယ်။

ခေတ်သစ်ဖောင်းဒေးရှင်းနဲ့ အတူ တွဲဖက်လှူဒါန်းလိုသူများ အနေဖြင့် ဖောင်ဒေးရှင်းရဲ့ ဘဏ် အကောင့်နံပါတ်တွေ နဲ့အတူ ခေတ်သစ်ဖောင်ဒေးရှင်း ရဲ့ ဖုန်းနံပါတ်တွေ ဖြစ်တဲ့ 09 777 29 22 44, 09 777 29 22 55 ကိုလဲ ဆက်သွယ် မေးမြန်းလှူတန်းနိူင်ပါတယ်နော်။

Snow(mcc)
Source – chit thu wai’sfb

(Visited 513 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ