Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သိတက်လွန်းတဲ့ ချစ်သူလေးကြောင့် အရမ်းစိတ်ချမ်းသာနေရတယ်ဆိုတဲ့ ထွန်းထွန်း

ရည်းစားများတဲ့ စော်ကြည်ဘဲအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးနေပေမယ့် လက်ရှိမှာတော့ အရမ်းကိုကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပါပြီ လို့ ထွန်းထွန်းတစ်ယောက် ပြောလာပါတယ်။ သူဟာ ရည်းစားတွေများခဲ့ပေမယ့် လက်ရှိချစ်သူလောက်ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့အချစ်ရေးမျိုး မဆုံခဲ့ဖူးဘူးလို့လဲ ပြောခဲ့ပါတယ်။

သူပြောခဲ့တဲ့ အပြည့်အစုံကတော့ “ ခုတလောအရမ်းစိတ်ချမ်းသာရတယ်..အမြဲတမ်းကြည်နူးရတယ်… အတူတူရှိမနေတဲ့အချိန်တွေမှာတောင် အနားမှာအမြဲရှိနေသလို ခံစားရအောင်ထားတယ်.. သဝန်တိုစိတ်မချဖြစ်စရာတွေ ခေါင်းထဲရောက်မလာအောင်သူမက ထားပေးတယ်”

“သူမနဲ့ဆို စိတ်ကအမြဲ secure ဖြစ်နေတယ်။ မပူလောင်ရဘူး။ ဘဝမှာလူ တစ်ယောက်ကြောင့် တစ်ခါမှ ဒီလောက်စိတ်မ ချမ်းသာခဲ့ရဖူးဘူး။ သေချာတာတစ်ခုကတော့ဗျာသူမကို ကျွန်တော် အဆုံးရှုံးမခံနိုင် လောက်အောင်ချစ်တယ် ..🦋 💞အရမ်းချစ်တယ်…” လို့ ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ထွန်းထွန်းဟာ ချစ်သူကောင်မလေးဘယ်သူဘယ်ဝါဆိုတာကိုတော့ ဖော်ပြခြင်းမရှိသေးပေမယ့် သူ့ကောင်မလေးကို သိပ်ချစ်တဲ့အကြောင်း လွမ်းတဲ့အကြောင်း၊ အနားမှာ အတူရှိလဲလွမ်းတယ် မရှိလဲလွမ်းတယ် ဆိုတဲ့ အကြောင်းတွေကို သူ့ရဲ့ My Day မှာ နေ့စဉ်နဲ့ အမျှရေးသားဖော်ပြလေ့ရှိပါတယ်။

ကိုကိုထွန်းထွန်းရဲ့ ချစ်ပရိသတ်ကြီးအတွက် သူ့ရဲ့ချစ်တက်တဲ့ အကြောင်းအရာလေးကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

Source – Htin Aung Tun’sfb

(Visited 1645 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ