Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သားသားတက်တဲ့ ကျောင်းရဲ့ ပါတီမှာ သွားဆော့နေတဲ့ မေမေနန်းမြတ်ဖြိုးသင်း

ပရိသတ်တွေချစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ ချစ်စရာကောင်းတဲ့ သူ့ရဲ့သားသားလေးနဲ့အတူ သားသားတက်တဲ့ ကျောင်းရဲ့ ပါတီပွဲမှာ သွားကဲနေပါတယ်။ သူမက ကလေးတစ်ယောက်အမေ ဆိုပေမယ့် ကလေးတစ်ယောက်လို ချစ်စရာကောင်းနေတုန်းဘဲ ဆိုတာ သူမရဲ့ ပုံရိပ်တွေက သက်သေပြနေပါတယ်။

သားသားကျောင်းမှာ သွားဆော့ခဲ့တဲ့ အကြောင်းကိုလဲ သူမက ” ဂျက်လေးတက်နေတဲ့Gymboree Play & Music Myanmar ကျောင်းရဲ့၅နှစ်ပြည့်partyလေးမှာပျော်ခဲ့ရတယ်🤩 ကလေး ကမဆော့တတ်သေးတော့ဒီမေမေပဲဆော့ပေးခဲ့ရတာပေါ့နော်😛” လို့ဆိုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ သရုပ်ဆောင်ရာမှာဘဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်နိုင်သူဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ များစွာ ရိုက်ကူးပုံဖော်ခဲ့သူလဲ ဖြစ်ပါတယ်။

သူမဟာ ၂၀၁၇ခုနှစ်အောက်တိုဘာလအတွင်းက အိမ်ထောင် ပြုခဲ့ပြီး ယခုချိန်မှာတော့ ၉လကျော် အရွယ်ရှိတဲ့ သားဦးလေးကိုပိုင်ဆိုင်ထားရပြီဘဲဖြစ်ပါတယ်။ ချစ်တဲ့ပရိသတ်တွေက သူမတို့ သားအမိရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြည့်ရှု့နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။

Snow(mcc)
Source – nan myat phyo thin’sfb

(Visited 1341 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ