သားလေး ကသာ သူမကို မိန်းမပီသဖို့ မိခင်ပီသဖို့ ခွန်အားတွေပေးခဲ့တာပါ ဆိုတဲ့ မယ်လိုဒီ

ပရိသတ်တွေချစ်တဲ့ မင်းသမီး မယ်လိုဒီဟာ အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့် ပွဲတက်တွေမှာတော့ တွေ့ရမြဲပါ။ သူမက သားလေးကိုအချိန်ပေးရင်း စီးပွားရေးအလုပ်တွေကို ဦးစားပေးလုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။ သူမက ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းပြီး သိတက်လိမ္မာတဲ့ သားလေးတစ်ယောက်ကိုလဲ ရရှိထားပါတယ်။ သူမက သားလေးကြော င့်သာ သူမပြောင်လဲသွားခဲ့ တာပါဆိုပြီး ရင်ဖွင့် ပြောပြခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ “ခုနှစ်တွေပြို ကိုကတော့ငိုနေရတုန်းပါဘဲ မိသားစုနဲ့မိတ်ဆွေကောင်းရှိတဲ့အကျိုးကျေးဇူးကတော့ အတွင်းစကား အပြင်မရောက်တာရယ် တစ်ခါတစ်လေ ကိုယ်က ပရမ်းပတာ ပြောထွက်သွား တာကို ကူထိမ်းပေးကြတာရယ်ဒါလဲ ကံကောင်းခြင်းပါဘဲ လူဘဲ အတင်းပြောခြင်းနဲ့ ဘယ်ကင်းပါ့မလဲ လုပ်ကြံပြီး အထင်မှားအောင် ပြောတတ်တဲ့သူရဲ့အတင်းနဲ့သိမြင်ခံစားရတဲ့အတိုင်း ဒဲ့ပြောတာနဲ့တော့ကွာခြားပါတယ်”

“ကျွန်မတော့လောလောဆယ်ကိုယ့်အကြောင်းကိုယ်ပြော ကိုယ်အပူကိုယ်ပြော ဘယ်လိုဖြေရှင်းရမလဲ အကြံဉာဏ်အကူအညီလိုက်တောင်းပြီး ကိုယ့်အတင်း ကိုယ်သာပြောနေရပါတယ်။ နှစ်သိမ့်အ ကြံပေးတဲ့အစ်မတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ စကားလေးတစ်ခွန်းက ဘဝကိုအရှုးံမပေးဖို့ဖြစ်လာတယ်
သားလေးတစ်ယောက်က မိန်းမပီသဖို့ မိခင်ပီသဖို့ ခွန်အားဖြစ်လာတယ်”

“အရံသင့်မရှိတဲ့ထမင်းဝိုင်းအတွက် ကျွန်မကြိုးစားနေရလို့ ပတ်ဝန်းကျင်ကို မေ့မသွားပါဘူး။ ကျွန်မကြောင့်အ ထိအရှမရှိအောင် သတိထားနေပါတယ်။ ကျန်နေသေးတဲ့ လူဘဝမှာ ချစ်ခြင်းမေတ္တာတွေဘဲလိုချင်တယ်။ ကျွန်မဘယ်သူ့မှ မမုန်းချင်ဘူး ။ အာရုံနှောက်အောင်လုပ်တဲ့သူကိုတောင် ချစ်ဖို့ကြိုးစားတယ် ဒါပေမယ့် တွေ့တိုင်း မသိချင်ယောင်ဆောင်တော့ ကျွန်မနောက်ခါတွေ့ရင် သူ့ကို မပြုးံပြတော့ဘူးလို့ စဉ်းစားထားတယ်”

“သူ့အတွက်ပါ ကိုယ်လဲ အကုသိုလ်ကင်းတယ်လေ ကျွန်မအရမ်းချစ်တတ်တယ် စကားတွေနဲ့မပြောပြတတ်ဘူး လက်တွေ့ဆန်တယ် လက်ထဲပိုက်ဆံပိုလျှံရင် စိတ်ကူးယဉ်ဆန်တာတွေလုပ်ပေးတတ်တယ်။ ကျွန်မယော က်ျားအပေါင်း အသင်းကိုချစ်တာထက် ကျွန်မကကျွန်မအပေါင်းအသင်းတွေကိုတန်ဖိုးထားပြီး ပိုခင်ပိုချစ်တတ်တယ်။ ငွေအင်အား နဲ့အချိန်တွေက အရန်သင့်ပိုလျံမနေတော့ တချို့အခြေအနေတွေမှာ အသံတိတ်နေလိုက်ရတယ် ရင်ထဲမှာတော့ စစ်ဖြစ်နေ တာပေါ့ရှင် စာတောင်ရှည်နေပြီ အသက်ကြီးလာတော့ စကားတွေများ စာတွေ ရှည်နေပြီ ပြောချင်တာက ကျွန်မချစ်တယ် ။ ကျွန်မကိုချစ်ပါ သားသားကိုချစ်ပါ ချစ်ခြင်းမေတ္တာ နဲ့အသက်ဆ က်ရှင်သန်ပါရစေရှင်” လို့ ဆိုပြီးပြောပြခဲ့ပါတယ်။

မယ်လိုဒီ့ကိုချစ်တဲ့ ပရိသတ်တွေက မယ်လိုဒီ့အတွက် အားပေးစကားတွေပြောပြခဲ့ကြပါအုံးနော် အားလုံးကို ကျေးဇူးအ ထူးတင်ရှိပါတယ်။

Snow(mcc)
Source – melody Myo’sfb

(Visited 3390 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ