Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သားမွေးတဲ့ အမေမှ ဘုန်းကံရှိတာလို့ ပြောသူတွေကို အရမ်းအထင်သေးမိပါတယ် ဆိုတဲ့ သန္တာလှိုင်

ပရိသတ်တွေရဲ့ အားကျနှစ်သက်ခြင်းကို ခံထားရတဲ့ မော်ဒယ်သန္တာလှိုင် ဟာ သားတစ်ယောက် ၊ သမီးယောက်ကို ပိုင်ဆိုင်ထားရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ သူက ဟိုအရင်ထဲက လူတွေရဲ့ပါးစပ်ဖျားမှာပြောဆိုနေကြတဲ့ သားမွေးတဲ့ အမေမှ ဘုန်းကံ မြင့်တယ်လို့ ဆိုတဲ့ စကားရဲ့ အပေါ် သူ့ရဲ့ခံစားချက်ကို ပြောပြလာခဲ့ပါတယ်။

သူ ပြောပြခဲ့တာကတော့ ” ဟယ် သားလေးမွေးတာ ကံကောင်းတာပေါ့….သားမွေးတဲ့ အမေမှ ဘုန်းကံရှိတာ…..သားငယ်လေးကျတော့ ပိုချစ်တယ်မဟုတ်လား? အဲ့ဒါ ယောက်ကျားလေးမို့ ပိုချစ်တာလို့ပြောရင် ပြောတဲ့သူတွေကို အရမ်းအထင်သေးမိပါတယ်….အခုတော့ အော် အမြင်မကျယ်သေးတဲ့သူမို့ လူဆိုတာ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးက လိင်ပေါ်မှာ မူတည်တာ မဟုတ်ဘူး ဆိုတာ နားမလည်လို့ ပြောကြတာပဲ လို့တွေးပြီး နားလည်ပေးလိုက်ပါတယ်”

“သားနဲ့ သမီးရယ်လို့မှ မဟုတ်ပါဘူး သမီးအမွှာ၊ သားအမွှာ မွေးထားတဲ့ မိဘတွေကိုပဲ ကြည့်ပြီးစဉ်းစားကြည့်ပါ….အမွှာဆိုရင် တောင် သူတို့ရဲ့ personality ပေါ်မူတည်ပြီး ချစ်ရတာချင်း၊ သူတို့အပေါ် စိတ်ပူရတာတွေ၊ သူတို့လေးတွေ တစ်ခုခုတုန့်ပြန်လိုက်ရင် မိဘရင်ထဲမှာ ခံစားရတာတွေက တူတာမှ မဟုတ်တာ။ သားသမီး ခနထားပြီး ကိုယ့်ရဲ့ အဖေနဲ့ အမေကိုပဲ စဉ်းစားကြည့်ပါ….အမိနဲ့ အဘဆိုရင်လဲ မတူတဲ့ လူနှစ်ယောက်ကို ချစ်တဲ့ ပုံချင်းမှမတူတာ ဘယ်သူ့ကိုပိုချစ်ပါလဲဆိုပြီး ယှဉ်မေးတဲ့သူတွေက နားမလည်လို့ မေးတာလို့သာ သတ်မှတ်လိုက်ပါ။ ဖြေဖို့ကြိုးစားမနေပါနဲ့…..”

” သားနဲ့သမီးလဲ ဒီအတိုင်းပါပဲ…တစ်ခါတစ်လေ သမီးက တိုးတိုးဖေါ်ရသလို သားကတစ်မျိုးဖြစ်ရင်ဖြစ်နေတယ်။ တစ်ချို့အမေကျတော့လဲ သားနဲ့ တိုးတိုးဖေါ်ရပြီး သမီးက တစ်မျိုးအားကိုးရပြန်တေရာ… အဲ့ဒီတော့ လူဆိုတာ ယောကျားရယ်…မိန်းမရယ်…အကြီး၊ အငယ်၊ အရွယ်မရွေး သူ့တန်ဖိုးနဲ့သူရှိတာကို တန်ဖိုးထားနိုင်ရင်၊ ယောက်ျားလေးပဲမွေးမွေး မိန်းကလေးပဲမွေးမွေး သူ့ရဲ့ personality နဲ့ သူ့တို့ရဲ့ အတွေးအခေါ်နဲ့ သူတို့ကြိုက်တာတွေကို အရှိအတိုင်း လက်ခံတတ်သွားရင် ဘယ်သူ့ကို ပိုချစ်တယ် ဘယ်သူ့ကို လိုတယ်ဆိုတာမျိုး ယှဉ်ပြီး မတွေး အားလုံးကို unconditional love နဲ့ ချစ်သွားနိုင်မှာပါလို့….” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

သန္တာလှိုင်ဟာ တစ်ချိန်က မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံထားရပြီး ယခုချိန်ပြန်လည်အောင်လာချိန်မှာတော့ ကလေးနှစ်ယောက်မေမေဖြစ်နေပေမယ့် အရမ်းမိုက်တဲ့ ခန္ဓာကိုယ် အချိုး အစားတွေကြောင့် ပရိသတ်ကြီးက သတိထားမိလာခဲ့ကာ သူ့ရဲ့ နည်းလမ်းတွေအတိုင်း အား ကစား လေ့ကျင့်မှုတွေလဲ လုပ်လာကြပါတယ်။ သူကိုယ်တိုင်လဲ လေ့ကျင့်ခန်းတွေလုပ်သလို ပရိသတ်တွေအတွက်ကိုလဲ ကျန်းမာရေးအရအားကစားလုပ်သင့်တဲ့ နည်းစနစ်တွေကို အမြဲမျှဝေပေးလျက်ရှိနေပါတယ်။

Snow(mcc)

(Visited 4203 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ