Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သာသနာ့ဘောင် ခေတ္တဝင်သွားတဲ့ ဥက္ကာမင်းမောင်

ပရိသတ်တွေအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မြန်ာနိုင်ငံဖွားသရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ ယခုနောက်ပိုင်းမှာတော့ ပြည်ပမှာဘဲနေထိုင်လာခဲ့တာဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေရှိတဲ့အခါမြန်မာပြည်ကို ပြန်လာလေ့ရှိပြီး ပြည်ပမှာ လဲ ရုပ်ရှင်ရိုက်ကူးမှုနဲ့ ပတ်သက်တာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ သူက ယခုအခါမှာတော့ ပြည်ပမှာ နေထိုင်နေပေမယ့် ဘာသာတရားကို မမေ့ဘူး ဆိုတာကို သက်သေပြလိုက်ပါတယ်။

ဥက္ကာမင်းမောင်က သူရဲ့မွေးနေ့နဲ့ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူအတွက် ရည်ရွယ်ကာ သာသနာ့ဘောင် ၅ရက်ဝင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြလာပါတယ်။ သူပြောခဲ့တာကတော့ ” ၃၄ နှစ်ပြည့် မွေးနေ့ အတွက်ကော, ဖေကြီးဘဝတပါးသို့ ကူးပြောင်းသွားတာ မကြာခင် ၃ နှစ် ပြည့်တော့မှာမို့ ဖေကြီး အတွက်ပါ ရည်စူးပြီး LA က Azusa မြန်မာဘုန်းကြီးကျောင်းမှာ ဒုလ္လဘရဟန်း ၅ ရက်တာဝတ်ခဲ့ပါတယ်..”

“အလှူ နဲ့ သံဃာတော်များ ဆွမ်းကပ်ရန်အတွက် အစစ အရာရာ ကူညီပေးသော ရဟန်းဒါယိကာ ညီပု နဲ့ ဒါယိကာမ Chrissy တို့ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်.. Thank you Alex Lebosq and Graham Streeter for coming too. မွေးနေ့ရက်ပိုင်းအတွင်း ဘုန်းကြီးဝတ်နေလို့ ဖုန်းပိတ်ထားတာ Birthday wish များ အချိန်မှီ မပြန်နိုင်တာခွင့်လွှတ်ပါ.. မွေးနေ့ ဆုတောင်းပေးကြသော သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ..”လို့ဆ်ုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

ဥက္ကာမင်းမောင်ရဲ့ပရိသတ်ကြီးက မွေးနေ့ဆုမွန်ကောင်းတောင်းရင်း သူ့ရဲ့ကုသိုလ်ထူးအတွက် သာဓုခေါ်ပေးလိုက်ကြပါအုံး ။

Snow (MCC)

(Visited 1338 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ