Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သရုပ်ဆောင် အသစ်လေးတွေကို ပွဲထုတ်လာပြန်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး

ပရိသတ်တွေကို အသစ်အသစ်တွေချပြလေ့ရှိပြီး ရုပ်ရှင်ကားတွေကို သက်ဝင်လှုပ်ရှားအောင် ရိုက်ကူးပုံဖော်နိုင်တဲ့ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ့ရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုကို စတင်လိုက်ပြန်ပါတယ်။ အဲ့ဒါကတော့ Yongon In Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်အသစ်တွေနဲ့ မကြာခင်ရိုက်ကူးတော့မယ် ဆိုတာဘဲ ဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့်သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ရဲအောင် ၊ အကယ်ဒမီ မင်းဦး နဲ့ စမိုင်းလ် တို့သာပါဝင်မှာဖြစ်ပြီး သရုပ်ဆောင်အသစ် ၂၆ယောက်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ထူးပိုင်ဇော်ဦးက ခုလိုဘဲပြောပြလာခဲ့ပါတယ်။

ထူးပိုင်ဇော်ဦးပြောခဲ့တာကတော့ ” သရုပ်ဆောင်သစ်တွေ နဲ့ ဝါရင့်သရုပ်ဆောင်တွေ ဘယ်လို အပေးအယူ မျှမျှ သရုပ်ဆောင်ကြမလဲ ဆိုတာ 😍ရုပ်ရှင်ဇာတ်ကားကြီး မှာ ဘယ်သူတွေ ထပ်မံပါဝင်အားဖြည့်မလဲ ဆိုတာတော့ ငွေရောင်ပိတ်ကားထက်မှာ ပြန်တွေ့မှ ပြောပြမယ်နော် 😍😍😍”

“အခုထိတော့ ဇာတ်လမ်းပေါ့ 😊 မကြာခင်တော့ အရုပ်တွေ ရှင်သန်နေတဲ့ ရုပ်ရှင်တစ်ကား အဖြစ် အားလုံးရှေ့ရောက်လာတော့မှာပါ။ Good Old Days က ထုတ်လုပ်မယ်။ ဇာတ်ညွှန်း ခမ်းမွန် က ရေးသားပြီး ကျတော်က ရိုက်မယ်။ အစကပြောရရင်တော့ အရူးထမိတဲ့ စိတ်ကူးတစ်ခုက စတာပါပဲ ။ဒါပေမယ့်လဲ ရူးမှ ထူးမှာ မလား 😁”

“သရုပ်ဆောင်သစ်တွေ ချည်းပါဝင်တဲ့ လူငယ်အချစ်ဟာသ ဇာတ်ကား ၊ ပါဝင်တာက သရုပ်ဆောင်သစ် ၂၆ ယောက် ။သူတို့အားလုံးနဲ့ ၄ လ နီးပါး ၊ နေ့စဉ်ရက်ဆက် training တွေ rehearsal တွေ လုပ်ပြီးသကာလမှာတော့ မကြာခင်စရိုက်တော့မှာပါတယ်။ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပြီး အကောင်းဆုံး အနေအထား နဲ့ ရုံတင်တဲ့ အချိန် ပြန်တွေ့ကြပါမယ်” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ည ၊ သူစိမ်းအိမ် ၊ လရဲ့အောက်ဘက် မိုင်အဝေးမှာ ၃ ကားလုံး ဇာတ်အိမ်တွေ ၊ emotion တွေ ၊ ပြင်းထန်မှုတွေ နဲ့ ရိုက်ရတာ ပင်ပန်းတယ်ဆိုပြီး စိတ်လန်းဆန်းအောင် Yangon In Love လူငယ်အချစ်ဇာတ်ကား ရိုက်ပါတယ်။ အဲဒါမှ အပင်ပန်းဆုံးပဲ ။ ၅ လကျော်ပြီ နားရက်မရှိသေးဘူး ။ အရေးကြီး ဇာတ်ကောင်တင် အယောက် ၃၀ ကျော် ၊ နေရာပေါင်း များစွာ နဲ့ ။ background actor ချည်းပဲ ၁၀၀၀ ကျော်ပါသေးတယ်။နေ့တိုင်း စိန်ခေါ်မှုတွေချည်း။ ကြိုက်ပီလေ 😊” လို့ဆိုကာ စိန်ခေါ်မှုတွေနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးသွားမယ့်အကြောင်းတွေကို ပြောပြလာခဲ့ပါတယ်။

ထူးပိုင်ဇော်ဦးရဲ့ စတုတ္ထမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရူ့ဖို့ချစ်ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပြီမဟုတ်လား ။ ဖတ်ရူ့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – htoo paing zaw oo’sfb

(Visited 618 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ