Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သရုပ်ဆောင် ဖူးဖူးကို ချစ်သူဖြစ်သူက Brand New Suzuki Swift ကားတစ်စီးလက်ဆောင်ပေး

သရုပ်ဆောင်လောကမှာရော မော်ဒယ်လောကမှာပါ အောင်မြင်တစ်ခုရရှိခဲ့တဲ့ သရုပ်ဆောင် ဖူးဖူးဟာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် သူမရဲ့ ပရိသတ်တွေနဲ့ကတော့ လူမှုကွန်ယက်မှာ အဆက်အသွယ်ရှိလှပါတယ်။ သူမဟာ တည်ငြိမ်ရင့်ကျက်တဲ့အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အကိုဖြစ်သူ သရုပ်ဆောင် နိုင်နိုင်း နဲ့ တွဲဖက်သရုပ်ဆောင်ရင်းက နေလဲ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

သူမဟာအနုပညာလောကမှာလဲ အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းတက်သလို အချစ်ရေးနဲ့ ပတ်သက်ပြီး လဲ တည်ငြိမ်ခဲ့တဲ့သူတစ်ယောက်ပါ။ ယခုအခါမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြချင်ပါတယ်။ သူမရဲ့ အချစ်ရေးက LDRS ဖြစ်ပြီး ယနေ့မှာတော့ ချစ်သူနှစ်ဦးရဲ့ Happy Anniversary ဖြစ်တာကြောင့် ချစ်သူက ချစ်သက်လက်ဆောင်အဖြစ် Brand New Suzuki Swift ကားတစ်စီးကို ဝယ်ပေးခဲ့တယ်လို့လဲ သိရပါတယ်။

ကား Showroom ကနေလဲ ဖူးဖူးကို ကာလာလေးစိတ်ကြိုက်လာရွေးဖို့ ဖိတ်ခေါ်စာလေးကိုလဲ တွေ့မြင်ရပါတယ်။ ချစ်စရာကောင်းတဲ့ ရွှေမင်းသမီးလေး လို့ ချစ်သူက တင်စားလေ့ရှိပြီး ချစ်သူကို လဲ အံ့သြသွားစေအောင် Suprise လုပ်ပေးခဲ့ပါတယ်။ ဖူးဖူး လို ကံကောင်းစေတဲ့ ချစ်သူမျိုး ပရိသတ်ကြီးရော မလိုချင်ဘူးလားးးး?

ပရိသတ်ကြီး အားကြနေကြမယ် ထင်ပါတယ်။ သူတို့ချစ်သူနှစ်ဦးအတွက် ထာဝရလက်တွဲသွားနိုင်ဖို့လဲ ဆုမွန်ကောင်း တောင်းပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snowpiki(MCC)

(Visited 1126 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ