သရုပ်ဆောင် ချမ်းမီမီကို ရဲ့ ခင်ပွန်းဖြစ်သူ အဖမ်းခံရ

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင်အဖြစ် လုပ်ဆောင်ခဲ့ဖူးတဲ့ မော်ဒယ်၊သရုပ်ဆောင် ချမ်းမီမီကို ရဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ဟာ တရားခံပြေးအဖြစ် တထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ် ။ သူဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံပြေး အဖြစ် ကြေညာထားပြီး နောက်ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၆)ရက်နေ့ မှာတော့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဦးစိုးထွန်းရှိန် ပိုင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဟာ  မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်မှာ ရွှေလုပ်ကွက်တွေ ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်သို့ ပေးသွင်းရမယ်ဘ သတ်မှတ်ရွှေပိဿာများ မပေးဆောင်တဲ့ အပြင် ရွှေတူးဖော်မှုကို တရားမဝင်ဆက်လက်လုပ်ကိုင်နေ တာကြောင့် သတ္တုတွင်းဥပဒေအပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့နဲ့ ပါ အမှုဖွင့်ခံထားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်တဲ့ ဦးစိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကြေညာထားတာဖြစ်တယ်လို့လဲ သိရပါတယ်။

Snow(mcc)
Source  – ဟန်စိုးထိုက်

(Visited 73763 times, 165 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ