Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သရုပ်ဆောင်ဟောင်း ဦးစောနိုင်(ရှမ်းပြည်) ဟာ ရဟန်းဘဝနဲ့ ပျံလွန်တော်မူ

ဇာတ်ရံသရုပ်ဆောင် အဖြစ် အနုပညာလောကမှာအောင်မြင်ခဲ့တဲ့ ရှမ်းပြည်ဦးစောနိုင်ဟာ ကျန်းမာရေး လွန်စွာမကောင်းဖြစ်ခဲ့ပေမယ့် စောက်ရှောက်ပေးမယ့် မိသားစု အသိုင်းအဝိုင်းမရှိတာကြောင့် ပရိသတ်တွေနဲ့ အနုပညာရှင်တစ်ချို့က ပံ့ပိုးကူညီပေးခဲ့ပြီး နောက်ပိုင်း ရဟန်းဘဝကိုကူးပြောင်းသွားခဲ့ပါတယ်။ ဦးစောနိုင်ဟာ အသက် (၈၅)နှစ်ရှိပြီဖြစ်ပြီး သူသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀၀ကျော် ရှိခဲ့ကာ အနုပညာလောကမှာလဲ နေရာတစ်ခုနဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။ ဗီဒီယိုကားနေနည်းပါးသွားခဲ့တာကြောင့်ရော၊ အသက်အရွယ်အရရော ၊ ကျန်းမာရေးကြောင့်ပါ အနုပညာအလုပ်တွေကို ရပ်နားခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ သရုပ်ဆောင် ဦးစောနိုင်အဖြစ်ကနေ ဆရာတော်ရှင်စန္ဒိမာ အဖြစ် သာသနာ့ဘောင်ဝင်ကာ သာသနာပြုခဲ့ပါတယ်။ သာသနာပြုနေစဉ်မှာလဲ အသိတွေချို့ယွင်းနေခဲ့တာ ကြာနေပြီ ဖြစ်တယ်လို့ လဲသိရပါတယ် ။ အဆိုပါရောဂါဝေဒနာတွေကြောင့် ဧပြီလ(၂၆)ရက်နေ့ ည ၈နာရီခွဲခန့်က တောင်ငူခရိုင်၊ အုတ်တွင်း၊ ဈေးကျောင်းတိုက် ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းမှာ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော် ဘုရားရဲ့ ရုပ်ကလပ်ကို ၅ရက်ခန့် ထားရှိမှာဖြစ်ပြီး ဧပြီလ ၃၀ရက်နေ့မှာတော့ မီးသပြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ ဆရာတော်ရှင်စန္ဒိမာ(ခ) သရုပ်ဆောင်ဟောင်း ဦးစောနိုင်(ရှမ်းပြည်) အတွက် ကောင်းရာဘုံဘဝမှာ နေထိုင်နိုင်စေဖို့အတွက် ဆုမွန်ကောင်းများပေးပြီး မေတ္တာပို့သပေးကြပါဦးနော်။ အားလုံးသော ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – ရန်ပြေ’s fb
Snowpiki(MCC)

(Visited 159 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ