Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သရုပ်ဆောင်မိုးပြည့်ပြည့်မောင် ရန်ကုန် – ပြည် ကားလမ်းပေါ်မှာ ကားအက်စီးဒင့်ဖြစ်

သရုပ်ဆောင်ဘက်မှာ ထူးချွန်သူတစ်ယောက်အဖြစ်ရပ်တည်နေတဲ့ မိုးပြည့်ပြည့်မောင်ဟာ ရုပ်ရှင်ရိုက်ကူးမှုတွေထက် ပရိုဂျူဆာအဖြစ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ သူမ ဟာ အေးချမ်းစွာ နေထိုင်တက်သူဖြစ်ပြီး ဘာသာတရားလဲ အမြဲမပြတ်လုပ်ဆောင်သူဖြစ်ပါတယ်။ ယနေ့မှာတော့ သူမ ကားအက်စီးဒင့် ဖြစ်တယ် ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ အုတ်ဖိုမြို့နယ် အတွင်း ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၁၄) လမ်းချော်ဧရိယာအတွင်း ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင် မောင်းနှင်လာသောကား မှာ ရှေ့ဘီးပေါက်၍ လမ်းဘေးသစ်ပင်အား တိုက်မိခဲ့ပါတယ်။ ယာဉ်ပေါ်မှာပါလားသော သားအမိ၂ယောက်လုံး ထိခိုက် ဒဏ်ရာ မရရှိခဲ့ဘူးလို့လဲ သိရပါတယ်။

တိုက်မိခဲ့တဲ့ အရှိန်ကြောင့် ကားဦးခေါင်းပိုင်းတစ်ခုလုံး များစွာ ပျက်ဆီးသွားခဲ့ပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးက မိုးပြည့်ကို စိုးရိမ်နေကြမှာ ဆိုးလို့ အချိန်မှီ သတင်းလေးဖော်ပြပေးလိုက်ပါတယ်။ ထိခိုက်ဒဏ်ရာ မရလိုက်တာကတော့ တကယ့်ကို ကုသိုလ်ကံကောင်းလှပါတယ်နော် ။

Source – လင်းသစ်မာန်(အုတ်ဖိုမြိ ု့နယ်)

(Visited 2239 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ