သမီး ကို အမှားဝန်ခံတက်အောင် သွန်သင်ပုံကို ပြောပြလာတဲ့ ချမ်းချမ်း

ချမ်းချမ်းဟာ သမီးဖြစ်သူ မြမိုးဂင်္ဂါလေးကို အမေတစ်ယောက်ရဲ့ခွန်အားနဲ့ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးသမီးလေးရဲ့ ပညာရေးပိုင်းကိုသာမက အကျင့်စာရိတ္တပိုင်းကိုပါ အကောင်းဆုံးသင်ယူလေ့ကျင့်ပေးနေတာဘဲဖြစ်ပါတယ်။ သူမက သမီးအတွက် အကောင်းဆုံး စံပြမိခင်တစ်ဦးဖြစ်အောင် ကြိုးစားရုံးကန်နေပြီး ယနေ့ သမီးနဲ့အတူ ဈေးဝယ်ထွက်ရင်း ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို ချမ်းချမ်းက ပြေညပြလာပါတယ်။

ချမ်းချမ်းပြောပြထားပုံလေးက မှတ်သားစရာဖြစ်လို့ ပြန်လည်ေးသားမျှဝေလိုက်ပါတယ်နော်။ သူမက ” ဒီနေ့သမီးလေးကျောင်းကအပြန်အိပ်ယာခင်းလိုချင်တယ်ဆိုလို့ pro 1မှာ လိုက်ဝယ်ပေးခဲ့တယ်…ဖြစ်ပုံက ပိုက်ဆံမရှင်းခင်အထုပ်ကိုဖောက်လိုက်တယ်..မဖောက်ရဘူးလို့ပြောထားတဲ့ကြားကဖောက်ကြည့်လိုက်တယ်..”

”ကိုယ်မှားသွားရင်ဆောရီးလို့ပြောရမယ်..ဆိုတာသူ့ကိုသင်ထားတယ်..ဒါပေမဲ့ sorry မပြောဘဲမသိသလိုနေတဲ့အတွက် သူ့ပါးစပ်က sorry လို့မပြောမချင်းအိပ်ယာခင်းကို မဝယ်ပေးဘူးလို့ပြောတော့..ရတယ်..သူမယူတော့ဘူး..တဲ့..ok.လေ..မယူဘူးဆိုလဲရတယ်..သမီးလေး..မေမေကတော့ ကိုယ်မှားတာကိုကိုယ်ဝန်မခံသ၍ လိုချင်တာမဝယ်ပေးနိုင်ဘူးလို့ပြောလိုက်တယ်..”

”သူများတွေတော့မသိဘူး..ကျမကတော့သမီးလေးကို အဲ့လိုသင်ပေးထားတယ်..လူဆိုတာ ကိုယ်လုပ်တာကိုယ်မှားရင် ဝန်ခံရဲရမယ်..ဒါမှသူတပါးကခွင့်လွှတ်မယ်..မဟုတ်ရင်လုံလောက်တဲ့အကြောင်းပြချက်..ညိုနှိုင်းချက်ပေးမှရမယ်လို့ ကျမထင်တယ်..တခြားမေမေတို့ရော..ဘယ်လိုထင်လဲ ကလေး မှ မဟုတ်ပါဘူး..လူကြီးတွေလဲကိုယ်မှားရင်ဝန်ခံရဲရမယ်..အရင်တုန်းကကိုယ်လဲသိပ်ခေါင်းမာခဲ့ဖုူးလို့ ကိုယ့်သမီးအလှည့်ရသလောက်သင်ပေးနေမိတယ် ” လို့ ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကို ချမ်းချမ်းရဲ့ ပရိသတ်တွေအပြင် မိခင်တိုင်း သားသမီးတွေကို အကောင်းဆုံးဖြစ်အောင် သွန်သင်ဆုံးမပေးနိုင်ဖို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Source – Chan Nyein’sfb

(Visited 436 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ