Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးအလတ်လေးရဲ့ မွေးနေ့ ကို မိသားစုစုံလင်စွာ ကျင်းပပေးခဲ့တဲ့ Ah Boy

စီးပွားရေးကို ဆက်တိုက်လုပ်ဆောင်နေတဲ့ Ah boy ဟာ ပျော်ရွှင်မိသားစုလေးကို လဲ လစ်ဟင်းမှုမရှိစေဖို့ အချိန်ပေး လေ့ရှိပါတယ်။ သူဟာ ချစ်စရာကောင်းတဲ့သမီးလေးသုံးယောက်ရှိပြီး အငယ်ဆုံးသမီးလေးကတော့ ပရိသတ်တွေ အချစ်ကိုရရှိနေသူလေးဖြစ်ပြီး ထူးခြားတဲ့ မျက်လုံးပိုင်ရှင်လေးအဖြစ်နာမည်ကြီးလှပါတယ်။ သူလေးကတော့ ဇူလိုင်လ ၁၃၇က်နေ့မှာဆိုရင် ၁၀ပြည့်တော့မှာလဲဖြစ်ပါတယ်။

Ah Boy ဟာသမီးသုံးယောက်လုံးကိုချစ်ပေမယ့် သမီးအကြီးနှစ်ယောက်တုန်းက အသက်ငယ်သေးတာမို့ သေသေချာချာမထိန်းခဲ့ရဘဲ ယခု တတိယမြောက်သမီးလေးနဲ့ကျမှ သေသေချာချာကလေးထိန်းဖြစ်တာပါလို့လဲ သိရပါတယ်။ သူဟာ သမီးလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိပြီး ယနေ့မှာတော့ သူ့သမီးအလတ်လေး ဖောင်းဖောင်းရဲ့ ၉နှစ်ပြည့်မွေးနေ့ကို ကျင်းပပေးတဲ့ပုံရိပ်လေးတွေကို ဖော်ပြလာပါတယ်။

သူက မွေးနေ့ပွဲပုံရိပ်တွေအပြင် သမီးအတွက် ဆုတောင်းစကားလေးကိုလဲ ” ကျနော့်ဘဝရဲ့ အရေးကြီးသော နောက်ထက်အစိတ်အပိုင်းလေးတစ်ခုဖြစ်သော… သမီးလတ်လေး Jewel (ခေါ်) ဖောင်းဖောင်း ရဲ့အသက် ၉ နှစ်ပြည့်မွေးနေ့။ ?❤️လူကြီးမိဘအပေါ်သိတတ်လိမ္မာသော ပညာတတ်ကြီးဖြစ်ပါစေ။ Happy Birthday to my beautiful daughter.Daddy loves you so much! ❤” လို့ ဆိုကာ ဆုတောင်းပေးခဲ့ပါတယ်။

မိသားစု စုံစုံလင်လင်နဲ့ ပျော်စရာမွေးနေ့ပွဲလေး ကို အပျော်တွေကူးစက်စေဖို့ ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ပျော်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး ပျော်ရွှင်ပေးစေချင်တယ်။ သမီးလတ်လေးရဲ့ မွေးနေ့ဖြစ်လို့ သမီးလေးအတွက် မွေးနေ့ဆုတောင်းပေးကြပါဦးနော်။ အကောင်းမြင်တဲ့စိတ်လေးတွေနဲ့ ဖတ်ရှု့ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Kyaw Phyo Tun’sfb

(Visited 10496 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ