Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးအရင်းထက်ပိုပြီး ဂရုစိုက်တာ ကမ္ဘာပေါ်မှာ ဒီအမိုးတစ်ယောက်ဘဲ ရှိတယ်ဆိုတဲ့ မီးမီးခဲ

ကင်ဆာရောဂါတွေရဲ့ ပြင်းထန်တဲ့ ဆိုးကျိုးတွေ၊ ဝေဒနာတွေကို ခံစားနေရရှာပြီး သူနေမကောင်းချိန်မှာ အနားမှာ သမီးတစ်ယောက်လို ပြုစုပေးတဲ့ ယောက်ခမမျိုးရထားကြောင်းကို မီးမီးခဲက ပြောပြလာပါတယ်။ သူက ကင်ဆာရောဂါဆေးရုံကို ၁၀ရက်ခန့်တက်ရောက်ခဲ့ရပြီး ယခုချိန်မှာတော့ မိသားစုနဲ့ အတူ ပျော်ရွှင်နေကြောင်းလဲ ပြောပြခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ ” Mother’s Day မှာ ကျွန်မကိုမြတ်နိုးတဲ့မိသားစုနဲ့ အတူ ငြိမ်းချမ်းစွာဖြတ်သန်းခဲ့ရပါပြီ အမျိုးသားရဲ့မိဘများက နိုင်ငံခြားမှာနေလာခဲ့ကြတာနှစ်၃၀ ကျော်ကြာခဲ့ကြပေမဲ့ဂုဏ်ပကာဏ မာန လောဘ မောဟ မရှိတဲ့ ကြတဲ့သူတွေပါ..အဓိပ္ပါယ်ရှိတဲ့လူတွေကြားထဲနေရင်းနဲ့ “

“ကျွန်မကိုယ်တိုင်လဲ နှစ်ခြိုင့်စွာအသက်ရှင်ခြင်း နဲ့ ငြိမ်သက်ခြင်းကို နေ့ရက်တိုင်းခံစားရတာ ဘုရားကို နံပါတ်၁ ထားတဲ့မိသားစုအတွက်ကြောင့် ဖြူစင်စွာပြုံးကျော်နိုင်ခဲ့ရတာပေါ့..သားအတွက် မွေးနေ့အတူမရှိခဲ့ရျတာ့ ကိတ်လေးပြန်ဝယ်ပေး ကျွန်မဆေးရုံကပြန်စဉ်းလာတဲ့ ကျေးဇူးတော်ချီးမွမ်း မိသားစု ဆုတောင်း Birthday သီချင်းဆိုကြတယ် ” လို့ဆိုကာ ပြောပြခဲ့ပါတယ်။

မီးမီးခဲအတွက် ချစ်တဲ့ ပရိသတ်တွေက ယခုလို အမြဲတမ်းကျန်းမာပျော်ရွှင်နေနိုင်ဖို့ ဆုတောင်းပေးရင်း ယောက်ခမ ချစ်တာကိုခံရတဲ့ ချွေးမလေးတွေက ဘယ်လိုယောက်ခမမျိုးတွေပိုင်ဆိုင်ထားတယ် ဆိုတာကို ပြောပြခဲ့ကြပါအုံးနော် ။

Snow(mcc)

(Visited 20739 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ