Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးအတွက်စိတ်အေးချမ်းရပါပြီ သားတစ်ယောက်ဘဲ ကျန်တော့တယ် ဆိုတဲ့ အိမ့်ချစ် မေမေ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့အတူ နိုင်ငံကျော်အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အဆိုတော် အိမ့်ချစ်ဟာ ဇွန်လ ၆ရက်နေ့က ချစ်ရသူနဲ့ တရားဝင်လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ အဲ့လိုလက်ထပ်လိုက်တဲ့ သမီးအလိမ္မာလေး အိမ့်ချစ်အတွက် မိခင်ဖြစ်သူက စိတ်ချရပြီဆိုတဲ့ အကြောင်းကိုပြောပြရင်း သားချွဲလေးတစ်ယောက်ဘဲ ကျန်တော့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ ” ဒီနေ့မှာဘဝကိုစိတ်အေးချမ်းစွာနဲ့ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်…လူတွေကမေးကြတယ်သမီးလေးအိမ်ထောင်ပြုပီဆိုတော့ငိုနေလားဝမ်းနည်းနေလားနှမျောနေလားတဲ့….ငိုခဲ့ပါတယ်ဝမ်းနည်းခဲ့ပါတယ်နှမျောခဲ့ပါတယ်မိဘတို့ထုံးစံအတိုင်းပေါ့…သို့သော်မိဘပေါ်သိတတ်သောသားသမီးများကိုပိုင်ဆိုင်ထားသည်မို့ဘယ်သောအခါမှအနာဂတ်အတွက်ဝမ်းနည်းစရာမလိုခဲ့ပါဘူး…ဒါကြောင့်ဒီနေ့စိတ်အေးချမ်းပျော်ရွှင်ရတယ်ဆိုတာထက်ကျေနပ်ခဲ့တာ”

“ကိုယ့်ကိုကိုယ်…အမေတယောက်ရဲ့တာဝန်အဆုံးထိတိုင်ကျေပြွန်နိူင်ခဲ့လို့ကျေနပ်တယ်…လက်ပြောင်းလွှဲလက်ထဲထည့်ပေးလိုက်ရတဲ့သားလေးကလဲသမီးအပေါ်မြတ်နိုးခြင်းသည်းခံစိတ်ရှည်ခြင်းများနဲ့အေးချမ်းမှုရှိတဲ့သူလက်ထဲစိတ်ချစွာထည့်ပေးနိူင်တဲ့အထိအမေတာဝန်ကျေပွန်ခဲ့လို့ပါဘဲ…ကိုယ့်သမီးလေးကိုတန်ဖိုးထားခံခဲ့ရလို့ပါဘဲ….တကောင်ထဲဘဲဒါပေမဲ့ခြင်္သေ့ပါ…ရွက်မရှိတက်နဲ့လှော်ခဲ့တယ်တက်မရှိလက်နဲ့လှော်၍လိုရာပန်းတိုင်ရောက်အောင်လှမ်းခဲ့တဲ့တဲ့ငါဟဲ့ဘုရင်မ😁(ဒီနေ့လှလား😁)၆.၆.၂၀၂၀အမှတိတရနေ့ရဲ့စာစု အိမ့်ချစ်မိခင်” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သားငယ်လေး ဂျူနီယာ ချစ်ကောင်းနဲ့ပတ်သက်ပြီး ” ကဲ…တယောက်ကျန်သေးတယ်…သူလဲဘယ်တော့လဲ…သူကတော့မေမေ့နားနေမှာတဲ့အပြောကောင်းအချွဲကောင်းလေး😁” လို့ဆိုပြီး သားနဲ့ အတူရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

ပရိသတ်ချစ်တဲ့ အိမ့်ချစ်က သမီးလိမ္မာလေးတစ်ယောက်ဖြစ်တာကြောင့် စိတ်ချမ်းသာပျော်ရွှင်နေရတဲ့ အိမ့်ချစ်ရဲ့  မိခင်ကြီးအတွက် ကြည်နူးပီတိဖြစ်ရတဲ့ အကြောင်းပြောပြခဲ့ကြပါအုံးပါနော်။ အိမ့်ချစ်လဲ သာယာတဲ့ အိမ်ထောင်ရေးနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Snow(mcc)

(Visited 16419 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ