Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးသုံးယောက်ကို မြန်မာကားမကြည့်ခိုင်းတာ ရန်လိုစရာလိုလားလို့ မေးလာတဲ့ နန္ဒာလှိုင်

ပရိသတ်တွေကြားမှာ အငြင်းပွားစရာတစ်ခုအဖြစ် ပြောဆိုနေကြတဲ့ ကိစ္စတစ်ခုကို အကယ်ဒမီ မင်းသမီး နန္ဒာလှိုင်က မေးခွန်းလေးနဲ့ ပညာသားပါပါဖြေရှင်းလိုက်ပါတယ်။ သူမက အင်တာဗျူးတစ်ခုမှာ သမီးတွေနဲ့ ပတ်သက်ပြီး ဖြေဆိုခဲ့ရမှ ခုလို ပြောစရာတစ်ခု ဖြစ်ခဲ့တာဘဲဖြစ်ပါတယ်။

နန္ဒာလှိုင်ဟာ သူမရဲ့သမီးတွေကို မြန်မာကားမကြည့်ခိုင်းတာနဲ့ ပတ်သက်ပြီး ” ၁၀ နှစ် ၊ ၈ နှစ် ၊၅ နှစ် သမီးလေးတွေမြန်မာကားမကြည့်တာဘာဖြစ်လို့အဲလောက်နာနေရတာလဲဟင် နားမလည်ဘူး ”

” နိုင်ငံခြားကားတွေဘဲကြည့်တယ်လို့လဲမပြောမိပါဘူးနော် ကြည့်လဲမကြည့်ပါဘူး။ကာတွန်းကားကြည့်တယ်လို့တော့ပြောလိုက်ပါတယ်။ ဘာလို့အဲလောက်ရန်လိုနေတာလဲဟင် ပျင်းလို့ဖွသည်” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကလဲ သမီးတွေကို ” ကလေး ဘဝပျော်ရွှင်စရာတွေ အများကြီးရှိနေတာကို TV တလုံးရှေ့မှာ လူကြီးတွေကဲ့သို့ ဇာတ်လမ်းတွဲတွေ၊ အတုယူမှုအမှားတွေကြားမှာ မကုန်ဆုံးစေချင်ပါဘူး” လို့ ဆိုကာ ရေးသားခဲ့ပါသေးတယ် ။

ချစ်တဲ့ပရိသတ်တွေက အငြင်းပွားမနေဘဲ ကိုယ်ကြိုက်နှစ်သက်ရာတွေကိုလုပ်ဆောင်လိုက်ကြပါနော် ။

Snow(mcc)
Source – nandar hlaing’sfb

(Visited 7695 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ