Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးလေး Grace ရဲ့ ဝေဒနာတွေကို ကြည့်ပြီး ငိုမိတယ် ဆိုတဲ့ မေသင်ချိုဆွေ

ယခုရက်ပိုင်းအတွင်းမှာ အရမ်းကို ဟစ်ဖြစ်နေခဲ့တဲ့ သမီးလေး Victoria နဲ့ Grace တို့ရဲ့ သတင်းတွေဟာ သမီးရှင်တွေ အတွက် အရမ်းကိုထိတ်လန့်ခြောက်ခြားစရာပါ။ သူမတို့နှစ်ဦးဟာ အသက်အရွယ်သိပ်မကွာလှတဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံထားရတဲ့ အရမ်းကိုသနားစရာကောင်းတဲ့သမီးလေးတွေလဲဖြစ်ပါတယ်။ သူတို့နှစ်ဦးထဲမှာမှ သမီးငယ်လေး Grace ကတော့ သေကံမမြောက်လို့သာ အသက်ဘေးက လွတ်ခဲ့ရပေမယ့် သူ့ခမျာ အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာ အပြင် ကိုယ်တွင်းဒဏ်ရာတွေပါ ရရှိထားတာလဲဖြစ်ပါတယ်။

သူမကို အဆိုတော် အေသင်ချိုဆွေရဲ့ ညီမဖြစ်သူ မေသင်ချိုဆွေက ဆေးရုံအထိသွားရောက်ကြည့်ရှု့ခဲ့ပြီး သမီးလေး ရဲ့ဝေသနာတွေ အကြောင်းကို စိတ်မကောင်းစွာနဲ့ရေးသားဖော်ပြလာခဲ့ပါတယ်။ သူရေးသားခဲ့တာကတော့ “ မနေ့က Grace လေးကိုသွားတွေ့တယ်။ သူ လူတွေကိုကြောက်နေတယ် ။ မိန်းကလေးတွေပဲ လာတာတောင် သူကြောက်နေတာ.. အရုပ်ကလေးပေးတယ်။ မယူရဲဘူး.. ကလေးလေးမှ တကယ်ကလေးသေးသေးလေးပါကွယ်.. သနားလွန်းလို့ ငိုမိတယ်”

“သူ့အမေက အဲ့လူအကြောင်းပြောတာနဲ့ သူအမေပေါ်ကိုအတင်းတက်.. မျက်နှာကိုဆွဲ ပါးစပ်လေးကိုလိုက်ပိတ်တာလေး မျက်စိနဲ့တပ်အပ်မြင်ရတော့ တော်တော်ကိုရင်ထဲခံစားရတယ်။ သူ့မှာ အကြီးမားဆုံး Trauma ကြီးရသွားပြီ ယောကျာ်း တွေဆို ကြောက်နေပြီ….စကားတောင်မပြောတက်သေးတဲ့ကလေးလေး က ဒီစကားသံတွေကိုမကြားချင်တော့ဘူး..”

“ မျက်ရည်လေးတွေကလဲ အမြဲလိုလိုဝဲနေတာ.. ကိုယ်တွေမှာ အရမ်းကိုဝမ်းလဲနည်း ကျိတ်မနိုင်ခဲမရတွေဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်လုပ်ပေးနိုင်တာအများကြီးမရှိဘူးလေ.. အဲ့တော့ အလှူငွေလေးကောက်ပေး..ပြီးတော့ အမှုရင်ဆိုင်ရာမှာ ကြီးလေးတဲ့အပြစ်ခံရအောင် ဝိုင်းပြီး ဝန်းရံပေးရုံပဲရှိတော့မယ်…” ဆိုပြီး သမီးလေးရဲ့ အခြေအနေကို ရေးသားထား ပါတယ်။

သမီးလေးအတွက် အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ ချစ်ပရိသတ်ကြီးရေ သမီးလေးအတွက် အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေး ရင်း မျှဝေပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အပေါင်းကိုကျေးဇူးတင်ပါတယ်။

Source – may thin cho swe’s fb

(Visited 4523 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ