Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးလေးအတွက် ပိုက်ဆံတွေ ပိုရှာမယ်ဆိုတဲ့ ချမ်းချမ်း

ဂီတလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေပြီး အောင်မြင်မှုတွေရှိနေတဲ့ အဆိုတော်ချမ်းချမ်းဟာ အိမ်ထောင်ရေးပြဿနာတွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံစားခဲ့ရပေမယ့် သူမကတော့ ဇွဲမလျှော့ဘဲ သမီးလေးရဲ့ အားတစ်ခုထဲနဲ့ ကြိုးစားလုပ်ကိုင်လာခဲ့သူလဲ ဖြစ်ပါတယ်။ သူမဟာ ယခုအခါမှာလဲ သမီးလေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ သူ့မှာရှိနေတယ်ဆိုတဲ့ အကြောင်းကို ဖွင့်ဟပြောပြလာပါတယ်။

သူမပြောပြခဲ့တဲ့ အပြည့်အစုံကတော့ ” My clone..my beauty angel. ကျမကိုယ်ပွားအသည်းနှလုးံ..အသက်ကလေး..အချိန်တွေကြာလာတာနဲ့အမျှ အမေ့ဘဝလေး…သူအိပ်တာလေးကြည့်ပြီးအတိတ်ကိုလှမ်းကြည့်မိတော့..သမီးရယ်..သမီးလေးကို ဒီ့ထက်ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝလေးကိုအမေပေးချင်ဖြတ်သန်းစေချင်တယ် ”

” အမေ ဒီ့ထက်ပိုက်ဆံတွေရှာမယ်..သမီးကိုပညာတတ်ကြီးဖြစ်အောင်ကျောင်းထားမယ်..အမေ့သမီးလေးအမြဲပြုံးနေတာမြင်ချင်တယ်…အမေ့ဘဝမှာ သမီးက အရေးအကြီးဆုးံလေးပါ…အိပ်မပျော်တဲ့ညတွေများခဲ့ပြီ…အမေ့အနားအမြဲရှိပေးတဲ့သမီးလေး..အမေပင်ပန်းတိုင်းစိတ်ဓာတ်ကျအားငယ်တိုင်း..ယုံကြည်မှုတွေပြန်ပေးတဲ့အမေ့သမီးလေး…အမေဒီဘဝမှာ သမီးလေးနဲ့ ဆုံခွင့် …အမေဖြစ်ခွင့်ရတာ အရမ်းပျော်တယ် ”

”အမေ့ကိုယ်အမေပြန်မြင်နေရသလိုပဲ…အမေ့ငယ်စဉ်ကသမီးလောက်မချောပေမဲ့ ဆံပင်လေး…ရီပုံလေးတွေကအစ အမေမှတ်မိနေသေးတယ်..ဖိုးဖိုးကြီးအမြဲ ချီထားတဲ့ပုံလေးဆို အမေ့မျက်လုးံထဲ အမြဲစွဲနေတယ်..အမေ့ပုံတူလေး..i love u baby girl…” ဆိုကာ မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ နှောင်ဖွဲ့ရေးသားထားတာဘဲ ဖြစ်ပါတယ်။

ချမ်းချမ်းရဲ့သူ့သမီးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ပရိသတ်ကြီး ကသိမြင်ခံစားမိမယ်ထင်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။ သမီးကိုချစ်တဲ့ မေမေတိုင်း မေမေက်ုချစ်တဲ့ သမီးတိုင်း ခံစာမိတဲ့ အကြောင်းအရာလေးတွေနဲ့အတူ ပုံလေးကိုမျှဝေသွားနိုင်ပါတယ်နော် ။

Source – Chan Nyein’ sfb

(Visited 994 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ