Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးလေးရဲ့မွေးနေ့ကို ပြီးပြည့်စုံအောင် ဖန်တီးပေးခဲ့ကြတဲ့ ဘုဏ်းသိုက် နဲ့ချမ်းချမ်း

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ချမ်းချမ်းနဲ့ ဒါရိုက်တာ ဘုဏ်းသိုက်တို့ တစ်ဦးတည်းသောသမီးလေးမြမိုးဂင်္ဂါ ရဲ့ အသက် ၆နှစ်ပြည့်မွေးနေ့လေးကို မိဘတွေစုံစုံလင်လင်နဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ ဘုဏ်းသိုက်ကတော့ သမီးလေးရဲ့မွေးနေ့ကို အမှတ်တရလေး အဖြစ်ဖန်တီးခွင့်ရခဲ့လို့ ဝမ်းသာကြောင်း ပြောပြလာပါတယ်။

အဲ့ဒါကတော့ ” မြမိုးဂင်္ဂါ ၂၃ ဇန်နဝါရီလ ၂၀၁၄ သမီးလေးကို မွေးတဲ့ နေ့မှာပဲ အဘိုးအဘွားတွေ မိဘတွေ ဦးလေးတွေ နဲ့ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း တွေကို ဆေးရုံကို ဇွတ်အတင်းဖိတ် Birthday Cake ပေါ် ဖယောင်းတိုင်လေး တစ်တိုင်ထွန်းပြီး သမီးလေးအတွက် ဦးဦးဖျားဖျား ပထမဦးဆုံးသော မွေးနေ့ပွဲလေး ကို ဆေးရုံပေါ်မှာပဲ ဖန်တီးပေးဖြစ်ခဲ့တယ်..။

“ဂစ်တာသံတွေ …ရယ်သံလွင်လွင်တွေနဲ့ စခဲ့တဲ့ ဇန်နဝါရီ ၂၃…။ ” သူမ မေမေရဲ့ ဘယ်လက်ရုံးလေးဟာ ကျွန်တော့်ရဲ့ အနုပညာ ဖြစ်တယ် ” ” မြမိုးဂင်္ဂါ ” ဆိုတာကို ဘယ်ဘက်ရင်ညွန့်မှာ မင်ကြောင်ထိုး သူ့ ဖေဖေဟာ အဲဒီလိုလည်း သူ့သမီးလေးကို သူ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးတယ်..။ ဒီနေ့တော့ ကျွန်တော့်ရဲ့ အနုပညာလေး အသက် ( ၆ ) နှစ်ပြည့်ပြီပဲ..!”

“မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး …လို့ ဆုမတောင်းဖြစ်ဘူး..။တစ်ကယ် ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ်😍သမီးလေး ချစ်တဲ့ သူတွေ..သမီးလေးကို ချစ်တဲ့ သူတွေနဲ့ အတူ ဘဝကို ဖြတ်သန်းရင်း ရယ်သံလွင်လွင်လေးတွေ ထည်လဲ ဝတ်ဆင်နိုင်ပါစေ ..အမှား အမှန် အကောင်း အဆိုးကို ခွဲခြားသိတဲ့…ခွဲခြားနိုင်တဲ့ ညဏ်ပညာနဲ့ သန့်စင် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမှာ သမီးလေး ဟာ အမြဲတမ်း လိပ်ပြာလှလှလေး ပျံသန်းနေနိုင်ပါစေ ..😍”လို့ဆိုပြီး သမီးလေးအတွက်ဆုတောင်းပေးထားပါတယ်။

မိသားစု စုံစုံလင်လင်နဲ့ မွေးနေ့ပွဲပုံရိပ်လေးတွေကို တွေ့မြင်ရတဲ့ ပရိသတ်တွေက အရမ်းကို ကြည်နူးမှုရရှိစေပါတယ်။ သမီးလေးအတွက်ကို မွေးနေ့ဆုတောင်းပေးခဲ့ ကြပါဦးနော် ပရိသတ်ကြီး။

Snow(mcc)

(Visited 5836 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ