Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးလေးနဲ့အတူ ဆေးရုံကဆင်းလာပါပြီ ဆိုတဲ့ စန္ဒီမြင့်လွင်

ပရိသတ်တွေရဲ့ အချစ်တော် စိုးမိသားစုဝင်ထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ စန္ဒီမြင့်လွင်က မကြာသေးခင်ရက်ပိုင်းကမှ သူမရဲ့ သက်ဦးသမီးလေးကိုမွေးဖွားလိုက်ပြီးဖြစ်ပါတယ်။ ဒီဒီးက သူလိုချင်နေတဲ့ သမီးလေးကို ရရှိခဲ့တာကြောင့် အတိုင်းမသိ ဝမ်းသာနေသလို တစ်မိသားစုလုံးက သဲသဲလှုပ်ချစ်ရတဲ့ မြေးမလေးလဲ ဖြစ်နေပါတယ်။ သူမဟာ ချစ်ရတဲ့သူနဲ့ ချစ်သူဘဝကိုလဲ အချိန်အတော်ကြာ ဖြတ်သန်းပြီး မှ လက်ထပ်ခဲ့ကြတာဖြစ်လို့ နားလည်မှုတွေရှိတဲ့ အိမ်ထောင်ရေးလေးဖြစ်နေခဲ့ပါတယ်။

ယခုအချိန်မှာလဲ သူက သမီးဦးရတနာလေးကို ရရှိလိုက်တာကြောင့် သူတို့ရဲ့ မိသားစုဘဝလေးက ပိုပြီးပြည့်စုံသွားပါတယ်။ သမီးလေးကလဲ မွေးစမှာထဲက သဲသဲလှုပ်ချစ်ကြတဲ့ ပရိသတ်တွေရှိနေ ပါတယ်နော်။ အဲ့ချစ်ပေးပြီး ဂရုစိုက်ပေးကြတဲ့ သူတွေကိုလဲ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူမပြော ခဲ့တာကတော့ “သမီးလေးကိုမွေးဖွားပီးဆေးရုံကဆင်းပါပီရှင်၊ အစစအရာရာ အရမ်းဂရုစိုက် တဲ့ OGဆရာမကြီးDr ဒေါ်မေသူမျိုးညွှန့်နဲ့အဖွဲ့သားများ ကလေးဆရာဝန်ကြီး အန်တီဒေါ်မြမြအုန်း နှင့် ပန်းလိူင်ဆေးရုံ မှ အစ်မ မသက်”

“နဲ့တစ်ကွ မဖြူ ကိုအောင်နိုင်ထွန်းတို့Team တစ်ဖွဲ့လုံး ကလေးရောမိခင်ပါ လိုလေသေးမရှိဂရုစိုက်ပေးကြတဲ့ ဆေးရုံမိသားစုများ နဲ့အထူးသူနာပြုအဖွဲ့များ ဆေးရုံတက်နေစဉ်ကာလတစ်လျှောက်လုံးသတင်းမေးကြလာကြည့်ပေးကြ အားပေးကြတဲ့မိဘဆွေမျိုးများ ဒီဒီရဲ့ပရိတ်သတ်အားလုံး သမီးလေးကိုရော ဒီဒီကိုရော ဂရုတစ်စိုက်ရှိပေးကြတဲ့အတွက် တစ်ယောက်ချင်းစီတိုင်း အားလုံးကျေးဇူးအထူး တင်ပါတယ်ရှင်… FB,instagram မှ ဆုမွန်ကောင်းတောင်းပေးကြတဲ့ မိတ်ဆွေများ ချစ်သူခင်သူများ ပရိတ်သတ်များအားလုံး ကျေးဇူး တင် ပါတယ်ရှင့် ???” ဆိုကာ ရေးသားဖော်ပြထားခဲ့ပါတယ်။

ဒီးဒီးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ကျေးဇူးတင်စကားနဲ့အတူ သူတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေ ကိုဖော်ပြပေး လိုက်ပါတယ်နော်။ ဒီးဒီးကတော့ နုဖက်ပြီး တစ်သားမွေး တစ်သွေးလှဆိုသလို အလှကြီးလှနေပါတော့တယ်။

Source – Sandimyintlwin’s fb

Photo -Kingsman

(Visited 1062 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ