Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးလေးတွေအတွက် မွေးနေ့ကိတ်ကိုယ်တိုင်လုပ်ပေးရလို့ ပျော်နေတဲ့ ချစ်သုဝေ

ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေဖြစ်တဲ့ ချစ်သုဝေ နဲ့ လင်းလင်းတို့ရဲ့ ချစ်စရာကောင်းတဲ့ အမွှာလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ်တို့ဟာ ယနေ့မှာတော့ အသက်(၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ မွေးစကတည်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ ကလေးတွေဖြစ်ပြီး ယခုချိန်လဲချစ်တဲ့ပရိသတ်တွေက ပိုတိုးလို့တောင် ချစ်လာကြပါတယ်။

ယနေ့မှာတော့ သူတို့လေးတွေရဲ့ သုံးနှစ်ပြည့်မွေးနေ့ကို မေမေ ချစ်သုဝေက ကိုယ်တိုင် ကိုယ်ကျ မွေးနေ့ကိတ်လေးလုပ်ကာ သမီးတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့လို လုပ်ပေးခွင့်ရလို့ သူမပျော်နေတဲ့အကြောင်းကို ခုလိုလေးပြောပြလာခဲ့ပါတယ်။

ချစ်သုဝေက ” ပထမဦးဆုံးကိုယ်တိုင်လုပ်တဲ့ ကိတ်မုန့်​လေးဟာ သမီး​လေး​တွေအတွက် ​မွေး​နေ့ကိတ်​လေးဖြစ်​နေသတဲ့,,အရွယ်တစ်ခု​ရောက်လို့ ဒီ cakeပုံ​လေးမြင်တိုင်း ​မေ​မေ့ရဲ့ရင်ထဲကိုမြင်နိုင်ပါ​စေ!🎂ဟတ်ပီဘတ်​ဒေး ​မေ​မေ့သည်းလေး​တွေ❤”လို့ဆိုပြီး ကိတ်ပုံလေးတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

အဆိုတော် ချစ်သုဝေ ရဲ့ ချစ်စရာအမွှာသမီး လေးနှစ်ယောက် ဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၁၉) ရက်နေ့ နံနက် ၇: ၄၄ မိနစ်နှင့် ၇:၄၆ မိနစ်တို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ် ။

Snow(mcc)
Source – chit thu wai’sfb

(Visited 164 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ