Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးလေးကိုကြည့်ရင်း အတိတ်ကိုပြန်တွေးမိနေတယ် ဆိုတဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်း ဟာသူမချစ်တဲ့ သမီးလေးနဲ့အတူ ဘဝကိုအကောင်းဆုံးဖြစ်အောင် ရုန်းကန်ပြီး ဖြတ်သန်းနေပါတယ်။ သူမဟာ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်သလို မိခင်မေတ္တာတရားကြီးမားတဲ့ မိခင်ကောင်းတစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ အသံချိုချိုလေးနဲ့ အချစ်သီချင်းတွေသီဆိုရင်း ပရိသတ်တွေရဲ့ ရင်ထဲကို တိုးဝင်လာခဲ့သူပါ။ လူမှုရေးပြဿနာတစ်ချို့ကြောင့် စိတ်သောကတွေကြုံတွေခဲ့ရပေမယ့် သူမ အကောင်းဆုံးရုန်းထွက်ပြီး သမီးအတွက် ကြိုးစားနေရင်းက အတိတ်ကိုပြန်တွေးမိ နေတယ်ဆိုတဲ့ အကြောင်းကို ရေးသားလာပါတယ်။

ချမ်းချမ်း ရေးသားထားတာက “ အော်…သမီးလေးက ဘေးမှာအိပ်လို့…သူ့သူငယ်ချင်းမ အဖော်လေးတွေကို ကိုယ်အိပ်တဲ့ကုတင်ပေါ်ခေါ်သိပ်လို့ရလားတဲ့…မရဘူးလို့မပြောရက်ပါဘူးသမီးရယ်…အမေ့ဘဝထဲကနေ သမီးပျော်အောင်လို့ နေပျော်အောင် ဘယ်သူ့ကိုပဲ ခေါ်သိပ်သိပ်ပါ…အမေ့ဘဝမှာ ကိုယ်ပိုင်တဲ့ နေရာလေးပျောက်ပြီးကတည်းက ဘယ်လိုပဲနေရနေရ ပျော်အောင်နေတတ်နေပါပြီ….သမီးကတော့သိမှာမဟုတ်ဘူး..မနေ့က မေမေ့ဘဝအတွက် အမှတ်တရတွေရော..ပျော်ရွှင်စရာတွေပါ ရှိဖူးခဲ့တဲ့…ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးခဲ့တဲ့နေ့လေး…ဘာလိုလိုနဲ့ နှစ်တွေကုန်လာလိုက်တာ…အရာရာက ပျောက်လုနီးပေမဲ့ အမေတရေးမှအိပ်မပျော်ခဲ့ပါဘူး…အိပ်ရေးပဲ ဝ နေတာလား…အတွေးပဲ များနေတာလား….”

“တခါတရံ ဘာလို့ များ ဘာကြောင့်များ….အတိတ်ကအတိတ်မှာနေနေခဲ့ပြီ မေးခွန်းတွေမရှိသင့်တော့ဘူးလေ။ တလောက အွန်စော သတင်းလေးကိုဖတ်မိတော့ ..စိတ်မကောင်းဘူး…သူပြောသလိုပါပဲ…ကျမ တသက်လုးံဆက်ချစ်သွားမှာပါ…ရွေးချယ်စရာမရှိတော့လို့ပါ….ဆိုတဲ့စကားလိုပဲ ပြတ်သားတယ်…နာကျင်ရတယ်…ဒါပေမဲ့ တခါတလေ ဘဝကကိုယ့်ကို မျက်နှာသာမပေးတဲ့အခါ အဆင်ပြေသလို နေလိုက်ကြ…ရှေ့ဆက်ကြရတာ ..”

“ဘဝအစစ်တွေပါ..ရုပ်ရှင်မဟုတ်ဘူး..တကယ်ဆိုတာ…ကြုံဖူးတဲ့သူပဲ ယုံကြလိမ့်မယ်…အခုတော့ အတိတ်ကအတိတ်မှာနေခဲ့ပီ..ရှေ့ဆက်လျောက်မယ်…အနာဂတ်လေးတေလှမ်းမြင်ရမလားဆိုပြီးကြိုးစားလျောက်ဆဲပဲ..ဘယ်သူ့ကိုမှအပြစ်လဲမတင် မမြင်တော့ပါဘူး…သေချာတာက ကျမ လမ်းလျှောက် လာခဲ့တာ မိုးလင်းတော့မယ်..ညအမှောင်ကိုကျော်ပြီးရင် ရောင်နီလေးတော့လာအုးံမှာပါနော်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ဖတ်ရှု့မိတဲ့ ပရိသတ်ကြီးအနေနဲ့ ချမ်းချမ်းရဲ့ ခံစားချက်တွေကို နားလည်နိုင်မယ်ထင်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မကောင်းမပြောဘဲ သူမ အတွက် အားပေးစကားပြောပေးလိုက်ကြရအောင်နော်။ ဖတ်ရှု့ပေးသူတွေကို ကျေးဇူးတင်ရှိပါတယ်။

Source – Chan Nyein’s fb

(Visited 4409 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ