Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးရဲ့ မွေးနေ့လုပ်နေတဲ့ live လေးကို ဘာဖြစ်လို့ ဖျက်ခိုင်းရတာလဲ လို့မေးလာတဲ့ စိုင်းလွှမ်း

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းမှာ ပါဝင်တဲ့ အကယ်ဒမီသရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်တဲ့ စစ်လွန်းဝတီထက်ဟာ သူမရဲ့မူကြိုကျောင်းမှာ မွေးနေ့ပွဲလေးကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမွေးနေ့ပွဲလေးမှာရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ခဲ့ပေမယ့် ကျောင်းမှ ပြန်ဖျက်ခိုင်းခဲ့တာကြောင့် စစ်လွန်းရဲ့ဖခင်ဖြစ်သူ စိုင်းလွှမ်းတစ်ယောက် အတော်လေးပေါက်ကွဲနေပါတယ်။

စိုင်းလွှမ်း ရေးသားခဲ့တာကတော့ ” ဒီပိုစ့်ဖျက် ပေးပါဆိုလို့ ခု မှ Share လိုက်ပါတယ် 😂 ဒီလိုမျိုးကျောင်းရဲ့ခွင့်ပြုချက်ယူပြီး နှစ်တိုင်းလုပ်လာခဲ့တာ ခုမှ လုပ်တာမဟုတ်သလို live လည်း မဂျူလိုင်မိုး July Moe (Oasis) ကမနှစ်ကလည်းဒီလိုလွှင့်ခဲ့ဖူး တာပါပဲ ခုလိုဖျက်ခိုင်းတဲ့အချိန်က မွေးနေ့ပြီးလို့ ၂ပတ် လောက်ရှိနေပြီး မှဘာကြောင့်လဲ?”

“သမီးလေး မွေးနေ့ မှာ cake လေးခွဲ present လေးပြန်ပေးကြတယ် ပျော်ပျော်ရွှင်ရွှင်နဲ့ကလေးတွေ နဲ့ နှစ်တိုင်းလုပ်လာခဲ့တာ ခုမှ ဒီပိုစ့်ကို ဖျက်ပေးပါ ဆိုတော့ကာ ဘယ်လိုမျိုး ဖြုတ်ဦးနှောက်နဲ့ အကြီးချဲ့ ပြီး ဘယ်လိုသတ္တဝါကများကျောင်းကို ပြောခိုင်းရသလဲ ကျောင်းကရောဘာကြောင့်မစဉ်းစားဘဲ လာပြောရသလဲ “

“ဘယ်သူမှ မလုပ်ခိုင်းဘဲ ကျောင်းကလာပြောရအောင်လည်း ကျောင်းကိုကြိုပြီးခွင့်ပြုချက်တောင်းပြီးလုပ်ခဲ့တော့အကြိမ် ကြိမ် ကြည့်ပါတယ် comment ကတော့ မဖတ်ဖြစ်တော့ ဘယ်အရာက နာ၊ ဘယ်အရာက တရားမဝင်ပြီး ၊ ဘယ်အရာက🥴သိပ်နာကျဉ်ခံစားနေရလို လဲ ?ဆိုတာ သိရင်ပြောပေးကြပါဦး ဗျာ” လို့ဆိုကာ ရေးသားခဲ့ပါတယ်။

စစ်လွန်းဝတီထက်ဟာ ထက်ထက်မိုးဦးနဲ့ ပုံတူထုထားသလို အမေတူသမီးချောချောလေးဖြစ်ပါတယ်။ သူမကိုချစ်တဲ့ပရိသတ်တွေလဲ များစွာရှိခဲ့ပါတယ်။ ချစ်တဲ့ ပရိသတ်တွေက သူမကိုဆက်ချစ်ပေးလိုက်ကြပါဦးနော်။ စစ်လွန်းလေး မွေးနေ့မှစပြီးနောက်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပညာတော်တဲ့ သမီးလေးဖြစ်ပါစေနော်။

Snow(mcc)
Source – စိုင်းလွှမ်း’sfb

(Visited 210882 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ