Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်ဗို

အနုပညာနဲ့ပတ်သက်ပြီး ဘက်စုံထူးချွန်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကျော်ကျော်ဗိုဟာ သူချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေရင်း မိသားစုကိုလဲ အချိန်ပေးပြီးပျော်ရွှင်အောင်ထားနိုင်သူပါ။ ကျော်ကျော်ဗိုက သရုပ်ဆောင်ပိုင်းမှာ အထူးကျွမ်းကျင်သလို၊ ဇာတ်သဘင် အရာမှာလဲ အဖေ့ခြေရာ ၊ အဖိုးခြေရာကိုနင်နိုင်သူတစ်ယောက်ပါ။

ယနေ့မှာတော့ သူ့ရဲ့မျိုးဆက်လေးဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေးရဲ့ ၁၀နှစ်ပြည့်မွေးနေ့အတွက်ဆုမွန်ကောင်းတောင်းထားပေးပါတယ်။ အဆိုပါ ဆုတောင်းစကားမှာ ဖခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို ပေါ်လွင်စေပါတယ်။

သူပြောခဲ့တာကတော့ ” ကျွန်တော် ဘဝရဲ့အစစအရာရာကို တဦးတည်းသော စီမံခန့်ခွဲပိုင်ခွင့်ရှိသူ ကျွန်တော့် ချစ်သမီးလေး ပြိုင်သူခ @ Ike 10 နှစ်ပြည့်မွေးနေ့မင်္ဂလာမှသည် ယဉ်ကျေးလိမ္မာ၍ တတ်သိထူးချွန် ထက်မြက်ကျန်းမာ သော သမီးလေးဖြစ်ပါစေကြောင်း.. ဖေဖေရေ ဖေဖေ့ မြေး 10 နှစ်ပြည့်ပြီဗျ” လို့ ဆိုကာ ပြောပြခဲ့ပါတယ်။

သမီးလေး ပြိုင်သူခ တစ်ယောက် ၁၀နှစ်ပြည့်မွေးနေ့မှစပြီး မိဘပေါ်သိတက်တဲ့ ပညာတက်ကြီးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Snow(mcc)
Source – kyaw kyaw bo’sfb

(Visited 1213 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ