Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သမီးကို တွေ့ချင်လို့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးခဲ့ပါတယ် ဆိုတဲ့ ဖြိုးကျော်ကျော်မြတ်

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ အဆိုတော် ဖြိုးကျော်ကျော်မြတ်တို့ဟာ စက်တင်ဘာလ (၁၉)ရက်နေ့ကတရားဝင်ကွာရှင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ လင်မယားအဖြစ်မှ ပြတ်ဆဲပြီးတာ ၂၀၁၆ ခုနှစ်ထဲကဖြစ်ပြီး ယခု၂၀၁၉ခုနှစ်မှာမှ အတိအလင်းကွာရှင်းလိုက်ကြတာဖြစ်ပါတယ်။ ဒီလိုကွာရှင်းပေးရတဲ့ အကြောင်းအရင်ကို ဖြိုးကျော်ကျော်မြတ်က ပြောပြလာပါတယ်။

ဖြိုးကျော်ကျော်မြတ်က သူ့အနေနဲ့ သမီးလေးနဲ့ တွေ့ခွင့်ရဖို့အတွက် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးခဲ့တာဖြစ်ပြီး သမီးကို မေတ္တာနဲ့ ကြည့်ရှု့ပျိုးထောင်သွားမှာဖြစ်ပြီး သမီးလေးနဲ့ တွေ့တဲ့အခါ ငယ်ငယ်ကထားရှိခဲ့တဲ့ အမှတ်တွေကို ပြန်ပြောပြရင်း သမီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားမှာဖြစ်တယ်လို့ပြောပြခဲ့ပါတယ် ။ ဒါ့အပြင်သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလဲ “သမီးလေးနဲ့တွေ့ရဖို့ ၁၀ရက်ခန့်သာလို…..🧔🏻❤️👧🏻(ကျွန်တော်နဲ့သမီးလေးကို ခင်ကြချစ်ကြတဲ့မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးလည်းဝမ်းသာကြမယ်ထင်ပါတယ်ဗျာ)” လို့ ဆိုကာရေးသားခဲ့ပါတယ်။

မျိုးစန္ဒီကျော်ကလဲ သူမအနေနဲ့ ကွာရှင်းခွင့်ရဖို့ ကားတစ်စီးနဲ့ သမီးကိုတွေ့ခွင့်ပေးရတယ်လို့ ဆိုပါတယ်။ လင်မယားကွာရှင်းတဲ့ နေရာမှာ ယောင်္ကျားပိုင်ဆိုင်တာတဝက်ကို မိန်းမရတယ်လို့ ဆိုကြပေမယ့် မျိုးစန္ဒီကျော်ကတော့ ပြန်တောင်ပေးခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

ယခုလိုကွာရှင်းပြတ်ဆဲလိုက်ပြီ ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေအတော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။ ပရိသတ်ကိုယ်စီကလဲ အားပေးစကားတွေပြောခဲ့ကြပါသေးတယ်။

Snow (MCC)

(Visited 7272 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ