Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သင္ဇာဝင့်ကော််၏ မိတ္ကပ်အလွဖန္တီးရွင်ျဖစ်သူ MakeupbyASi ကြယ္လြန်?

ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်တဲ့ မိတ်ကပ်အလှဖန်တီးရှင် အစီ (စည်သူဟိန်း) အားရည်စူး၍ မင်းသမီး သင်ဇာဝင့်ကျော် နှင့် သူငယ်ချင်း မိတ်ကပ်အလှ ဖန်တီးရှင်များက အောင်ဇဗ္ဘူတောရ ဆရာတော် ဘုရား နှင့် သံဃာတော်များအား အာရုံဆွမ်းကပ်လှုပူဇော်ခဲ့ကြပါတယ်..

ကွယ်လွန်သူ မိတ်ကပ် အစီ(MakeupbyASi) ဟာ အသက် ၂၃ နှစ် အရွယ် ငယ်ရွယ်ချောမောတဲ့ ဆံပင်နှင့် မိတ်ကပ်အလှ ဖန်တီးရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မင်းသမီးများ (အထူးသဖြင့် သင်ဇာဝင့်ကျော်) ၏ ပွဲတက်မိတ်ကပ်များအတွက် အလှဆုံးဖန်တီးလိမ်းခြယ်ပေးခဲ့တဲ့သူ ဖြစ်ပြီး သင်ဇာ ဘယ်သွားသွား အမြဲ နောက်က လိုက်၍ သင်ဇာအတွက် အလှဆုံးဖန်တီးပေးတဲ့သူတွေထဲက တစ်ယောက်လည်း ဖြစ်သလို သူငယ်ချင်း မိတ်ဆွေများရဲ့ အချစ်ကိုလည်း များစွာ ခံရသူ တစ်ယောက်ပါ ..

မေလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၅ နာရီ ၃၀ မှာ ဘဝတစ်ပါး ကူးပြောင်းခဲ့တဲ့ အစီ ရဲ့ ကျန်ရစ်ရုပ်ကလပ်ကို မေလ ၂၀ ရက်နေ့ က ပိနဲ္နကုန်းသုသာန်တွင် မီးသြင်္ဂုဟ်ခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် ရက်လည်ဆွမ်းကျွေးတရားတော်နာ မည်ဖြစ်ကြောင်း သိရှိရသည်.

MakeupbyASi ကောင်းရာသုဂတိလားပါစေ ..
မိတ်ကပ်အစီ ကို ကြားဖူးသတိထားမိသူရှိရင်လည်း သူ့အတွက် စကားလေးတစ်ခွန်းလောက် ပြောပေးခဲ့ကြပါဦး …

(Visited 2131 times, 1 visits today)

About The Author

myanmarcelecrazy Myanmar Cele Crazy is a growing online entertainment channel delivering exclusive breaking news and in-depth coverage on Myanmar Celebrities

အခြားစိတ်ဝင်စားဖွယ်သတင်းများ