Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သင်္ကြန်မှာ ဖျော်ဖြေရေးတွေမရှိတာကြောင့် ဝမ်းနည်းနေတဲ့ အမေများအဖွဲ့ကိုအားပေးကူညီပေးခဲ့တဲ့ ဖွေးဖွေး

ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အကယ်ဒမီဖွေးဖွေး ဟာ ချစ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ အတူ အလှူ အတန်းလဲ လက်မနှေးသူပါ။ သူ့ရဲ့ မိဘတွေကိုယ်တိုင်က အလှူအတန်းနဲ့ ပတ်သက်လာရင် အမြဲရှေ့ကဦးဆောင်နေကြသူတွေဖြစ်ပါတယ်။

ယခုအခါမှာလဲ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သင်္ကြန်မှာ ပွဲလမ်းသဘင်တွေ မလုပ်တော့တာကြောင့် ဖျော်ဖြေခွင့်မရတော့တဲ့ အမေများအဖွဲ့ကို အားပေးစကားတွေပြောရင်း အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူက လှူဒါန်းရုံတင်မဟုတ်ဘဲ ကိုယ်တိုင်ကပါ အမေများအဖွဲ့နဲ့အတူ ပျော်ပျော်ပါးပါး ကပြဖျော်ဖြေခဲ့ပါသေးတယ်။

” သံလျင် အမေများဂေဟာ(အမေ ၁၄ယောက်)ကို သမီးဖွေးစိန် သွားရောက် တွေ့ဆုံဂါရဝပြု ” လို့ ဆိုကာ မိခင်ဖြစ်သူက ရေးသားဖော်ပြခဲ့ပါတယ်။

အကယ်ဒမီသရုပ်ဆောင် ဖွေးဖွေး ဟာ ယနေ့ မတ်လ (၁၆) ရက်နေ့ မှာ အောင်ချမ်းသာ ရပ်ကွက်၊ သန်လျင်၊ ရန်ကုန် မှာ ရှိတဲ့ အမေများအိမ်ရာ၊ အမေများ အဖွဲ့ အား အလှူငွေ (၁၄) သိန်း နှင့် စားစရာအချိုု့ကို သွားရောက် လှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ်။

ဖွေးဖွေး ရဲ့ အလှူ အတွက် ချစ်တဲ့ပရိသတ်ကြီးက ဂုဏ်ပြုစကားတွေပြောပေးခဲ့ကြပါအုံးနော် ။ ချစ်ပရိသတ်အပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)
Source – mg oo ‘sfb

(Visited 2316 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ