သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကို ချီးကျူးလိုက်တဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုဟာ သူမရဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကြောင့် မျက်နှာပွင့်လန်းကာ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်ခြင်းကိုလဲ ရရှိထားသူဖြစ်ပါတယ်။ သူမဟာ မကြာခင်မှာရုံတင်ပြသတော့မယ့် သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးကို ရင်ဘက်ကြီးနဲ့ ရင်းပြီး ချီးကျူးလိုက်ပါတယ်။

ပိုင်ဖြိုးသုပြောခဲ့တာကတေယ့ ” Congratulations ပါ သခင်ကြီးနှင့်ငါးပိတို့စရာ ရုပ်ရှင်အဖွဲ့သားများ…..သုသုကပညာရှင်မဟုတ်တော့ ကျန်တာတွေနားမလည်ပါဘူး ဒါပေမယ့် ကိုယ်တိုင်ကသရုပ် ဆောင်ဆိုတော့ချစ်သော မသက်မွန် ကိုတော့တကယ်လေးစားပါတယ် 😍 ဇာတ်သိမ်းခန်းဟာတော်တော်အချိန်အကြာကြီးယူရိုက်ခဲ့ရမှာဆိုတော့ မသက်မွန်လူရော စိတ်ရောဘယ်လောက်ထိပင်ပန်းခဲ့မယ်ဆိုတာတွေးကြည့်ရုံနဲ့ အသက်ရှူပါကြပ်ပါတယ် 😬”

“သုသုကိုယ်တိုင်ကလည်းအိမ်ကချီးထုတ်ညီမနဥမနဲ့က အရမ်းcloseဖြစ်တာဆိုတော့ အမကြီးကညီမလေးကိုချော့တစ်ခါခြောက်တစ်လှည့်မေးတဲ့ အခန်းလေးဆို အရမ်းငိုချင်တာပဲ….‌ရွှေရွှေ(ရွှေသမီး) drama ချိုးသွားတဲ့အချိန်ကစပြီး လုပ်သွားတဲ့အမူအရာတွေအရမ်းမိုက် 😍😍😍”

“နေရဲကိုတော့ ဇာတ်သိမ်းခန်းအတွက်လေးစားသွားတယ်…သရုပ်‌ဆောင်တစ်ယောက်ကတော်ရုံရူးသွပ်မှုနဲ့တော့ အဲ့ဒီလောက်ကြီးအပင်ပန်းမခံနိုင်ဘူးဆိုတာသုသုနားလည်တယ် 😊 အားလုံးကို Congratulations ပါလို့ 😍” ဆိုပြီးလဲ အသေးစိတ် သေသေချာချာချီးကျူးခဲ့ပါတယ်။

ချစ်ပရိသတ်တွေကတော့ သုသုချီးကျူးနေတာနဲ့တင် ကြည့်ချင်နေကြပြီမဟုတ်လား အဆိုပါ သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ ၃၁ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်လို့ ကြည့်ရှု့အားပေးကြဖို့ မမေ့ပါနဲ့နော်။

Snow (mcc)
Source – paing phyo thu’sfb

(Visited 3083 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ