Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အကြံပေးလိုက်တဲ့ အေသင်ချိုဆွေ

ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး Single Mom အဖြစ် ရပ်တည်နေတဲ့ အဆိုတော် အေသင်ချိုဆွေဟာ သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကိုအကြံပေးလာပါတယ်။ သူမ ဟာ သမီးမွေးထားတဲ့မိခင်ဖြစ်တာကြောင့် နေ့စဉ်နဲ့အမျှ အနယ်နယ်အရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်တဲ့ သတင်းတွေဖတ်မိတဲ့အခါ ဝမ်းနည်းမှုတွေရော၊ ဒေါသပါ ဖြစ်မိပါတယ် ဆိုကာ သူမရဲ့ ဖေ့စ်ဘုတ်မှာရေးသားထားခဲ့ပါတယ်။

သူမ ရေးသားခဲ့တဲ့ အပြည့်အစုံကတော့ ” ကိုယ်လဲ သမီးလေးမွေးထားတော့ အဲ့လို သက်ငယ်မုဒိမ်းတွေကိုဖတ်မိရင် ဒေါသရော ဝမ်းနည်းတာရော ရင်တောင်အောင့်တယ် တကယ်ပြောတာ….၊ သက်ဆိုင်ရာများကိုအကြံပေးပါရစေ၊
တောင်ကိုရီးယာတို့ ဂျပန်တို့မှာ ဘယ်လိုကိုင်တွယ်လဲလေ့လာစေချင်တယ် ” ဆိုပြီး အကြံပြုခဲ့ပါတယ်။

အဲ့ဒီနောက် အပြစ်ပေးပုံနဲ့ပတ်သက်ပြီး ” အဲ့လိုလူမဆန်တဲ့ မှုခင်းတွေကို တကယ် TV ရုပ်သံရဲ့ သတင်း အစီအစဉ်မှာကို အကျယ်တဝံ့ဖော်ပြပြီး တနိုင်ငံလုံးက ဝိုင်းမုန်းအောင် ရွံအောင် ကျူ းလွန်သူကို သောက်ရှက်ခွဲရမယ်။ သက်ငယ်မုဒိမ်းမှု ဆိုရင် သေဒဏ်ပေးပါ၊ သေဒဏ်ပေးရင် တကယ့် public area မှာကို သတ်ပြရမယ် ဒီလို လုပ်ရင် ဒီလို ဖြစ်မယ်ဆိုတာကို သိအောင်မြင်အောင်လုပ်ကို လုပ်ပြရမယ် ” လို့လဲ သူမရဲ့ရေးသားချက်ထဲမှာ ပါရှိပါတယ်။

သက်ငယ်မုဒိန်းမှုတွေမှာလဲ နေ့စဉ်နဲ့အမျှ ကြားသိနေရတာ ဖြစ်လို့ သမီးမိန်းကလေး မွေးထားတဲ့ မိဘတွေအဖို့ တကယ့်ကို ရင်လေးစရာပါ။ သမီးလေးတွေကိုမျက်စိအောက်က အပျောက်မခံဘဲ ဘယ်လို လူမျိုးကြီးတယ်ငယ်တယ်မရွေး စိတ်ချလက်ချနဲ့ မထားခဲ့ကြဖို့ သတိပေးလိုပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ဥပဒေမှာလဲ မုဒိန်းမှုကို ထောင်ဒဏ် နှစ်၂၀အထိချမှတ်နိုင်ပြီး ၁၂နှစ်အောက် သက်ငယ်မုဒိန်းမှုတွေကိုတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ အပြစ်ပေးရန် ဥပဒေပြင်ဆင်လိုက်ပြီ ဖြစ်တယ်လို့သိရပါတယ်။

အချိန်ယူဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

Source – athinchoswe’s fb

(Visited 559 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ