Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရတဲ့ ကလေးမိဘတွေရဲ့ ခံစားချက်ကို ရိုက်ကူးထားတဲ့ Box No.88 ဗီဒီယို

ယခုရက်ပိုင်းတွေမှာ ကြားသိလာရတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး သမီးရှင်အများစုဟာ ယူကြုံးမရဖြစ် နေရရှာပါတယ်။ ဒါ့အပြင် ကလေးတွေအတွက်မိဘတွေ စိတ်မအေးဖြစ်လာပြီး မူကြိုကျောင်းထားဖို့တောင် ကြောက်လာကြတဲ့ အနေအထားဖြစ်လာပါတယ်။ အဆိုပါ သက်ငယ်မုဒိမ်းမှုတွေဟာလဲ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၂မှုလောက်ဖြစ်ပွားလာတာကို တွေ့မြင်ရမှာပါ။ ဒီလိုဖြစ်ပျက်လာတဲ့ အကြောင်းအရာတွေမှာ ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းကို ဖော်ကျူးရိုက်ကူးထားတဲ့ Box No.88 ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီ နေတိုး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ကရိုက်ကူး ပုံဖော်နေကြ တာဖြစ်ပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးအတွက် ယူကြုံးမရဖြစ်ကြရတဲ့ ဖခင်နှင့်မိခင်တွေရဲ့ ခံစားချက်တွေကို ကိုယ်စားပြုပြီး ရည်ရွယ်ရိုက်ကူးတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း တစ်ခန်းကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒီ ဇာတ်ဝင်ခန်းကတော့ ဖခင်တစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့ သမီးတစ်ယောက်အတွက် ပူဆွေးသောကရောက်နေတဲ့ ဇာတ်ဝင်ခန်းလေးဘဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ဝင်ခန်းလေးကို ပရိသတ်ကြီး ခံစားသိရှိနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ Box No.88 ရုပ်ရှင်ဇာတ်ကားကြီး ကို အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ထွန်းထွန်း ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ သားညီ၊ ကာရာဗီ၊ ဂျင်းနီ၊ရွှေရင်အေး နဲ့ နှင်းသွေးယုအောင် တို့က ပါဝင်ရိုက်ကူးပုံဖော်ထားကြတာလဲ ဖြစ်ပါတယ်။

ကြည့်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးလဲ နီးစပ်ရာက ကလေးလေးတွေကို ဒီလိုအဖြစ်ဆိုးတွေ မကြုံရလေအောင် ကာကွယ်စောင့်ရှောက်ပေးကြရအောင်နော်။ ကြုံခဲ့၇တဲ့ကလေးလေးတွေအတွက် လဲအားပေးစကားပြောပေးခဲ့ကြပါဦး။ ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Box No.88 ရုပ်ရှင်ဇာတ်ကားကြီး, Nay toe’sfb

(Visited 4374 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ