Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဝေမင်းမောင်ကို မြှားနတ်မောင်ကြီးလို့ တင်စားလိုက်တဲ့ ရွှေထူး

ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုခံရပြီး ဆယ်ကျော်သက်လေးတွေအားကျရတဲ့ အရမ်းကို ရိုမန့်တစ်ဖြစ်တဲ့ ရွှေရွှေတို့စုံတွဲကတော့ ယနေ့မှာ ကျရောက်တဲ့မွေးနေ့ရှင် ကိုဝေမင်းမောင်ကို မြှားနတ်မောင်လို့တင်စားကာ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် လူပျိုကြီးဘဝက အမြန်ဆုံးကျွတ်ပါစေလို့လဲ ပြောခဲ့ပါသေးတယ်။

ရွှေထူး နဲ့ ရွှေမှုံ တို့ရဲ့ ဆုတောင်းစကားလေးကတော့ ” Happy Birthday ပါ မြှားနတ်မောင်ကြီး ကိုရွှေမန်းရေ… လူပျိုကြီးဘဝမှလည်းအမြန်ဆုံးကျွတ်ပါစေ… ဒီ့ထက်ပိုပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပါစေ… အမိုက်စားရုပ် ရှင်ကားတွေကိုလည်း ဒီ့ထက်ပိုပြီးထုတ်လုပ်နိုင်ပါစေကြောင်း… ရွှေ ၂ ရွှေမှဆုတောင်းပေးလိုက်ပါတယ်… 🎂🎂🎂” လို့ ဆိုကာ ရေးသားခဲ့တာဖြစ်ပါတယ်။

ကိုဝေမင်းမောင်ဟာ ယနေ့ အောက်တိုဘာလ (၂၁)ရက်နေ့မှာတော့ အသက်(၃၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ လူပျိုကြီးအဖြစ် စီးပွားရေးလုပ်ကန်းတွေကို ဆက်တိုက်လုပ်ဆောင်နေသလို သူ့ရဲ့ထုတ်လုပ်ရေးကနေလဲ ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ကားများစွာကို ရိုက်ကူးပုံဖော်ထုတ်လွှင့်ချက်ရှိပါတယ်။

သူ့ကို ရွှေနှစ်ရွှေက မြှားနတ်မောင်လို့ခေါ်ရခြင်းမှာ 7 sense က ရိုက်ကူးထုတ်လုပ်တဲ့ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သူတို့နှစ်ဦး ဆုံတွေ့ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့ကြတာကြောင့် ချစ်စနိုးနဲ့ ခေါ်ဝေါ်ခြင်း ဖြစ်နိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Snow(mcc)

(Visited 1139 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ