ဝေဖန်ခံနေရတဲ့ သရုပ်ဆောင်သစ် နဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ဇာတ်ပို့သရုပ်ဆောင် မင်းညီ

အများပြည်သူတွေကြားမှာ အရမ်းကိုဟစ်ဖြစ်နေတဲ့ မြမြရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပြိုင်ပွဲဝင် တစ်ချို့ရဲ့ သရုပ်ဆောင် ကွက်တွေနဲ့ပတ်သက်ပြီး သဏ္ဍာန်လုပ် သရုပ်တူအောင် သရုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ဒီနေရာ ဘယ်ပြိုင်ပွဲဝင်မဆို ရွေးချယ်ခံရဖို့ အတွက် ကြိုးစားကြမှာဘဲလို့ ဆိုပြီး ဇာတ်ပို့၊ဇာတ်ရံ သရုပ်ဆောင် မင်းညီကပြောပြခဲ့ပါတယ်။

သူပြောပြခဲ့တဲ့ဠအပြည့်အစုံကတော့ ” မြမြ ရုပ်ရှင်ဇာတ်ကား..နှင့် ပတ်သတ် ၍…….ကျွန်တော် ကတော့..လာပြိုင်တဲ့သူတွေစိတ်ကိုလေးစားတယ်…စလျောက်ထဲက..မြမြကဘယ်သူမှန်းမသိပဲ…သရုပ်ဆောင် ဖြစ်ချစ်စိတ်တခုထဲနဲ့လျောက်ခဲ့ကြတာပါ…စင်ပေါ်မှာ သရုပ်ဆောင်ပြိုင်တော့..ဒိုင်တွေရော..ကိုညိုကပါ..မပြိုင်ခင်..မိမိနှစ်သက်ရာသရုပ်ဆောင်မှုကို ….တစ်မိနစ်စာလုပ်ပြခွင့်ပေးခဲ့တယ်…”

” သူတို့ နေရာမှာကျွန်တော်ဆိုလည်း..ကိုယ်သရုပ်ဆောင်ခွင့်ရမယ့်နေရာတခုအတွက်..ကိုယ့်ကိုရွေးချယ်တဲ့သူတွေသဘောကျရွေးချယ်အောင်…တတ်စွမ်းသမျှလုပ်ပြမိမှာပဲ…ပီပြင်နိုင်သမျှပီပြင်အောင်ကြိုးစားပြမိမှာပဲ…ကိုယ်က အဲ့ဒီအချိန်မှာ..pro actor တစ်ယောက်မဟုတ်တဲ့အတွက်..ကိုယ့်actingကိုယ်ထိမ်းနေနိုင်မှာလဲမဟုတ်ပါဘူး…ကိုယ့့်ကိုရွေးမယ့်သူတွေသဘောကျဖို့..သရုပ်ဆောင် ကိုရူးသွပ်စိတ်နဲ့လုပ်ပြမိမှာပဲ….”

” အဲ့ဒီနေရာ…မှာ….မုဒိန်းကျင့်တဲ့ဇာတ်ကွက်မဟုတ် ပဲ…မိသားစု အတွက်အနစ်နာခံတဲ့ဇာတ်ရုပ်နေရာဆိုရင်လဲ…သူတို့တွေက.. မျက်ရည်တွေကျ..ပရိသတ် သနားအောင်..လုပ်ပြပြီး…ပြိုင်ကြမှာပါ….တကယ်တော့.. .သရုပ်ဆောင် ပြိုင်နေကြတာလို့…မြင်အောင်ကြည့် ပေးရင်…အဖြေက..ရှိပြီးသားပါ….ကိုညို ကလည်း..ဒီရုပ်ရှင်တခုထဲကျမှထူးပြီး.. သရုပ်ဆောင် သစ်ရွေးခဲ့ဘူးတာမှမဟုတ်တာ…ရှေ့မှာ…ဇာတ်ကားရိုက်တိုင်းလိုလို..အသစ်တွေ ကိုနေရာပေးချင်စိတ်နဲ့…သရုပ်ဆောင် သစ်ရွေးခဲ့ဘူးပါတယ်…..အလုပ်ကိုအလုပ်လို့မြင်ရင်…ပြောစရာစကားသိပ်မရှိပါဘူး….”

” ကိုညိုမင်းလွင်နဲ့..သိပ်မရင်းနှီးပါ…ဗီဒီယို ရုပ်ရှင် တကားနှစ်ကားသာသရုပ်ဆောင်အနေနဲ့ရိုက်ဘူးပေမယ့်…အဲဒီနေ့က..အဲဒီပွဲကိုစိတ်ဝင်စားလို့သွားမိရာက….ခုလိုရေးချင်စိတ်ပေါက်လို့ရေးမိတာပါ….ကိုယ်လဲ…သရုပ်ဆောင် အသစ်တွေပေါ်စေချင်တဲ့စိတ်နဲ့..ဒါရိုက်တာ လုပ်ခွင့်ရတုန်း လူရွေးပွဲလုပ်ခဲ့ဘူးတော့….အဲ့ဒီစိတ်ကို…နားလည်တယ်….လွတ်လပ် စွာသဘောထားကွဲလွဲနိူင်ပါတယ်…အားလုံးကိုလေးစားပါတယ်….မင်းညီ (ရင်နှင့်ရင်းသည် )” လို့ဆိုကာ ပြေပြခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကို မြမြ ပရိသတ်တွေအတွက်ရော ဝေဖန်နေသူတွေ ခံစားသိရှိနိုင်ဖို့အတွက်ပါ ရေးသားပေးလိုက်ပါတယ်နော်။ မျှဝေသွားဖို့မမေ့ပါနဲ့နော်။

Source – Minn Nyi’sfb

(Visited 719 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ