Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဝေဖန်ခံနေရတဲ့ ရှေး က ဒီဇာတ်ရုပ်အတွက် အရမ်းပင်ပန်းပါတယ်တဲ့

လက်ရှိမှာ ပရိသတ်တွေကြားလူကြိုက်ပြီး ညတိုင်းစောင့်ကြည့်ရလောက်အောင် ဆွဲဆောင်မှုကောင်းနေတဲ့ အချစ်ဖွဲ့လေညှင်း ရုပ်သံဇာတ်လမ်းတွဲဟာ ယခုဆိုရင် အပိုင်း၃၂ ထိရောက်ရှိနေပါပြီ။ ဒီဇာတ်ကားမှ ပရိသတ်အများစု ရှေးရေစက် ဆိုတဲ့ မိန်းကလေးကို စိတ်တိုကြပြီး တစ်ချို့အခန်းတွေမှာ ဆိုရင် ဒေါသထွက်ကြတယ်လို့ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြကြပါတယ်။

တစ်ကယ်တော့ အဲ့ဒီကာရိုက်တာကို ရိုက်ကူးရတာဟာ သူ့အတွက် စိတ်တွေအရမ်းကိုပင်ပန်းပြီး မွန်းကြပ်ခဲ့ရတယ်လို့ဆိုကာ သရုပ်ဆောင် ခန့်သီရိဇော်ကပြောပြခဲ့ပါတယ်။ သူပြောပြခဲ့တာကတော့ ” ပြန်ကြည့်တဲ့အခါမှာတောင် စိတ်တွေပင်ပန်းတာ😢ရိုက်တုန်းကအချိန်ကိုပြန်ရောက်သွားသလိုပဲ ရိုက်ခဲ့တုန်းက ၆လလောက် ရှေးရေစက်ဆိုတဲ့ character ကြီးထည့်ပြီးနေလာရတာ အရမ်းပင်ပန်းခဲ့ပါတယ်😔”

“ငိုတဲ့အခါမှာလဲ တကယ်စိတ်နှစ်ပြီးငိုခဲ့တဲ့အတွက် ငိုတဲ့အခန်းရိုက်ပြီးတဲ့အခါတိုင်း မျက်လုံးတွေဖောင်းအစ်ပြီးတော့ စိတ်ထဲမှာအရမ်းကိုမွန်းကြပ်ခဲ့ရတယ်😪” လို့ဆိုကာပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ ပရိသတ်တွေရဲ့အသည်းကျော် သံသာမိုးသိမ့်ကလဲ မေပျိုဖြူအနေဖြင့်ပါဝင်နေပြီး ဒီဇာတ်သံဇာတ်လမ်းတွဲဟာ အပိုင်း ၄၅ မှ ဇာတ်သိမ်းမှာဖြစ်တယ်လို့သိရပါတယ်။ ယနေ့မှာ လာမယ့် အပိုင်း ၃၃ကို ကြည့်ပြီးရင်လဲ ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတာကို ပြောပြခဲ့ကြပါအုံးနော်။

Snow(mcc)

(Visited 3002 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ