Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဝိုင်းစုကို နောက်ထပ်လဲ LGBT တွေကို support တာမျိုး များများရိုက်စေချင်တယ် ဆိုတဲ့ ဥက္ကာမင်းမောင်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အစွမ်းကုန်ရရှိထားတဲ့သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း ဟာ မကြာသေးခင်ကမှ မိန်းကလေး အချင်းချင်း မေတ္တာသက်ဝင်နေတယ် ဆိုတဲ့ ပုံရိပ်ကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ Mtv တစ်ပုဒ်ကြောင့် ဝေဖန်ပြောဆိုနေကြတာတွေ ရှိပါတယ်။ ဒီလိုဝေဖန်နေကြတာတွေနဲ့ပတ်သက်ပြီး ဥက္ကာမင်းမောင်က သူ့ရဲ့ အမြင်တွေကို ပြောပြလာခဲ့ပါတယ်။

အဲ့ဒါကတော့ ” Video ကို အဆုံးထိ မကြည့်ပဲ ဝေဖန်တာ မစောကြပါနဲ့ခင်ဗျာ.. ကျွန်တော် နဲ့ သူသည် ရန်သူလဲ မဟုတ်ဘူး.. ကျွန်တော်ပြောခဲ့သလို ဝိုင်းစုကိုယ်တိုင်က ဒီလိုရိုက်လို့ LGBT တွေအတွက် ရိုက်ပေးလို့ ကျေနပ်နေတာပါ..ကျွန်တော်တို့ အလုပ်တူတူလုပ်ခဲ့ဖူးသလို ကျွန်တော်ကိုယ်တိုင်က သူ့ပရိတ်သတ်ပါ.. အခုအချိန်ထိ ဖုန်းထဲသူ့သီချင်းတွေရှိတယ်..ဖြေတာ သူစကားမှားတာလဲမဟုတ်ဘူး.. သူက အရိုးခံလေးနဲ့ အမှန်တရား ဖြေတာ ထပ်ထည့်ဖြည့်ပြီး ဖြေစေချင်တာပါ..”

“အင်တာဗျူးမှာကျန်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်..မိန်းခလေးအစစ်ဖြစ်လို့ ဒီလိုရိုက်ဖို့ uncomfortable ဖြစ်မယ်လေ..နားလည်ပါတယ်..ကျွန်တော် gay ဖြစ်နေသော်လဲပဲ တခြား ယောင်္ကျားလေးတယောက်နဲ့ ချစ်ခန်းရိုက်ရမယ်ဆိုလဲ ကျွန်တော်လဲရှက်မှာပဲ.. လူချင်းသိမှ မသိတာကိုး.. ဗီဒီယိုက အရမ်းရှည်နေတော့ လူတွေစိတ်မရှည်ပဲ အဆုံးထိမကြည့်တော့ နားလည်မှူလွဲတယ်ထင်ပါတယ်..ဝိုင်းစုကို နောက်ထပ်လဲ LGBT တွေကို support တာမျိုး များများရိုက်စေချင်တယ်..ထိပ်ဆုံးမှာရှိနေတဲ့သူတယောက်အတွက် လက်နဲ့ထိတိုင်းဟာ ရွှေပါ..”

“သူဆက်လက်အောင်မြင်ဦးမှာပါ..ဒါပေမယ့် လောကမှာ လူတွေက တခု အောင်မြင်ရင် လိုက်လုပ်တတ်ကြတယ်..ဝိုင်းစုကိုမဆိုလိုဘူး.. LGBT တွေလိုမျိုး များများရိုက်ကြတာလိုက်လုပ်တာ ကောင်းတယ်..ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ ရိုက်ရိုက် အားပေးတယ်.. ဒါပေမယ့် ပေးတဲ့ message ကိုပဲ ထိရောက်စေချင်တာ..ဒါမှ discrimination တွေ , homophobic တွေ LGBT ကို လက်မခံသူတွေဖြေးဖြေးချင်းနားလည်လက်ခံလာမှာ.. လောကမှာ ခေါင်းဆောင်တယောက်က ဦးဆောင်ပြောတာနဲ့ သာမာန်လူ အညတရတယောက် ပြောတာနဲ့ ပြည်သူတွေလက်ခံပုံချင်းကွာတယ်လေ..အသစ်တယောက် LGBT လိုရိုက်ရင် ဝိုင်းဆဲနှူန်းနဲ့ နာမည်ကြီး တယောက် LGBT လို ရိုက်ရင် ပရိတ်သတ် ရဲ့ အမြင်က လုံးဝကွာပါတယ်.. “

“သူ့မှာ power ရှိတယ်..followers တွေရှိတယ်..သေချာ influence လုပ်နိုင်စွမ်းရှိတယ်..လုပ်လဲ လုပ်ရဲလို့ ဒီလိုရိုက်ရဲတာ တကယ်အားပေးတယ်..ဆက်ပြီး လဲ LGBT ကို support စေချင်တဲ့ စေတနာပါ..ပြီးတော့ အနုပညာရှင်တိုင်းအားလုံးလဲ LGBT တွေအတွက် အမြဲ ရပ်တည်ပေးစေချင်တယ်..LGBT pride ကို နှစ်တိုင်း ဖေဖော်ဝါရီမှာ ရန်ကုန်မှာလုပ်ပါတယ်.. အနုပညာရှင်တိုင်း ဒါကို မသိကြပါဘူး.. လုပ်တာ ၅-၆ နှစ်ရှိပြီ.. လူတွေလဲ မသိကြပါဘူး.. အနုပညာရှင်တိုင်းက LGBT တွေကို ချစ်တယ်လေ.. သေချာပေါက် support မှာပါ.. ဒါပါပဲ.. သဘောပေါက်လွဲတယ်ဆိုလဲ တောင်းပန်ပါတယ်.. ဝိုင်းစုကို အပစ်ပြောတဲ့ comment မျိုးလဲ မပေးကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်..”

” ကျွန်တော့်ကို Gay မို့လို မုန်းတဲ့စိတ်ရှိနေရင်တောင် ကျွန်တော် ပြောနေတာတွေကို လူသား တယောက်က LGBT တွေအတွက် ပြောနေတာ ရပ်တည်ပေးနေတာလို့ပဲ မြင်ပေးပါခင်ဗျာ..ကျွန်တော့်ကို အသားလွတ် gay မို့လို့ မုန်းနေတဲ့သူတွေရှိတာကျွန်တော်နားလည်ပါတယ်.. မုန်းတဲ့စိတ်လေးခဏဖယ်ပြီး ချစ်တဲ့မျက်စိနဲ့ ဒီဗီဒီယိုကို အဆုံးထိကြည့်ပေးပါ.. အရာရာဟာ အေးချမ်းပါတယ်”

“ဝိုင်းစုရဲ့ Lesbian လိုသရုပ်ဆောင်ခြင်း အင်တာဗျူးဖြေကြားမှူ အပေါ်ကျွန်တော့်ရဲ့ အမြင်ပါ.. ဝေဖန်တိုက်ခိုက်တာလုံးဝမဟုတ်ပါဘူး..အပြုသဘောဆောင်တဲ့ ဖြစ်စေချင် ကြားချင်ခဲ့တဲ့ ဆန္ဒလေးပါ.. By name နဲ့ တပ်ပြောတော့ ပရိတ်သတ်တွေ နားလည်မှူလွဲနိုင်ပါတယ်.. ဗီဒီယိုကို အဆုံးထိကြည့်ပေးပါခင်ဗျာ.. Media များကူးယူဖော်ပြတယ်ဆိုရင်လဲ အပြည့်အစုံမဖြတ်မတောက်ပဲ ကူးယူဖော်ပြနိုင်ပါတယ်.. ခေါင်းစဉ်ကို နှစ်ယောက် ရန်တိုက်ပေးတဲ့ခေါင်းစဉ်မျိုး နားလည်မှူလွဲစေမယ့်ခေါင်းစဉ်မျိုးမတပ်ဖို့ တောင်းဆိုချင်ပါတယ်.. ကျေးဇူးပါခင်ဗျာ.. ဝိုင်းစုရေ Love you နော် ✌️✌️” လို့ဆိုကာ ရေးသားခဲ့ပါတယ် ။

ဥက္ကာမင်းမောင်ပြောတဲ့ Lesbian လိုသရုပ်ဆောင်ထားတဲ့ သီချင်းကတော့ ဝိုင်းစုခိုင်သိန်းရဲ့ နွားကျောင်းသား album ထဲ SUNSHINE ဆိုတဲ့ သီချင်းလေးမှာ အဆိုတော် လိမ္မော်သီးနဲ့အတူ အမိုက်စားသရုပ်ဆောင်ချက်တွေက ပရိသတ်ကို စွဲဆောင်ခဲ့ပါတယ် ။ ဖတ်ရူ့ပေးသူတွေကိုကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 1540 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ