Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

ဝန်ကြီးတစ်ဦးရဲ့ ကာရိုက်တာ နဲ့ သရုပ်ဆောင်ခဲ့တယ် ဆိုတဲ့ နေထက်လင်း

နမူနာ ဗီဒီယို ထွက်ရှိလာထဲက ပရိသတ်တွေကြားမှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှာ တော့ ပရိသတ်တွေရဲ့ရှေ့ကိုရောက်ရှိလာတော့မှာဘဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာ နိုင်ငံကြီးသားဆိုတဲ့ အတိုင်း နိုင်ငံတစ်နိုင်ငံရဲ့ ချို့ယွင်းချက်တွေကို ပညာပေးအဖြစ် ရိုက်ကူးထားတာဖြစ်ပြီး ထိမိတဲ့ ဒိုင်ယာလော့တွေနဲ့ ပြောင်မြောက်လှတဲ့ စကားလုံးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ထိထိမိမိရောက်လာနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကိုယ့်ရဲ့ကာရိုက်တာကို အားရကျေနပ်ပေမယ့် ဆင်ဆာမရမှာတော့ စိတ်ပူတယ်လို့ နေထက်လင်း ကပြောခဲ့ပါတယ်။

သူပြောခဲ့တာတွေကတော့ “ စကားလုံးတွေက အရမ်းပြောင်မြောက်လို့ ဆင်ဆာပေးပါ့မလားဆိုပြီးလန့်တယ် ။ ရိုက်ကူးရတဲ့ အခက်အခဲ ထက်လန့်တာပေါ့။ စကားလုံးကပြောင်မြောက်တယ် ပါဝင်ရတဲ့ ကာရိုက်တာက လဲမိုက်တယ်ဆိုတော့ ၊ ခေတ်စနစ်တစ်ခုက ဘယ် လောက်ဆိုး ခဲ့လဲဆိုတာကို ပညာပေးရိုက်ကူးထားတာဖြစ်ပြီး ဒီလိုကားမျိုးပေါင်းနောက်ထပ် ၂ကားသုံးကားလောက်ရိုက်ချင်တယ်”

“ဒီကားမှာ ဝန်ကြီးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒိုင်ယာလေ့ာတွေကကောင်းတယ် ။ မိုက်တယ်။ ဇာတ်ညွှန်း ဆရာ က တော်တယ်။ ဒါရိုက်တာက သတ္တိရှိတယ်။ ထုတ်လုပ်ရေးက ထုတ်ရဲတယ်။ ဒီလိုကားမျိုးကို အမေဆုကိုယ်တိုင်က ဇာတ်ညွှန်းဖတ်ပြီး ဘာရည်ရွယ်ချက်နဲ့ ရိုက်တာလဲ ဆိုပြီးမေးခံရတာ ဂုဏ်ယူတယ်”

“ စကားလုံးတွေက ပြောင်မြောက်လွန်းလို့ ဆင်တာပေးပါ့မလားပေါ့နော်၊ ကျွန်တော့် ကာရိုက်တာကို မလန့်ဘူး၊ မုအပြည့်ထည့်ပြီး သရုပ်ဆောင်တယ်။ ဒီလိုကားမျိုးရိုက်ချင်တာကြာပါပြီ။ နိုင်ငံကြီးသားဆိုတဲ့ ကားကိုကြည့်ပြီး လူကြီးပိုင်း တော်တော်များများ ကိုယ့်ကို ကိုယ် Take care လုပ်နိုင်ပါစေ” လို့ ဆိုပြီး Myanmar Celecrazy ကို အသေးစိတ်ဖြေကြားပေးခဲ့ပါတယ်။

နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားကြီးကို အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) မှ ရိုက်ကူးပုံဖော် ထားတာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ကားကြီးကို နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး နဲ့ အခြားသော အနုပညာရှင်များစွာပါဝင်ထားသရုပ် ဆောင် ထားတယ်လို့ သိရပါတယ်။

အဆိုပါဇာတ်ကားကို သြဂုတ်လ(၈)ရက်နေ့ (ကြာသပတေးနေ့) မှ စတင်ပြီး တစ်ပြည်လုံးမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

Source – Myanmar Cele Crazy TV

(Visited 1302 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ