Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

“ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးခဏရပ်နား

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ရုပ်ရှင်ဇာတ်ကားကြီး ကို ရာသီဥတုအခြေအနေအရ ရိုက်ကူးရေးတွေ ခေတ္တရပ်နားလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ မူရင်းဝတ္ထုမှာ နွေရာသီကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ ယခုအချိန်ကာလမှာ မိုးတွင်းရာသီဖြစ်နေတာကြောင့် ရိုက်ကူးရေးမှာ အခက်အခဲတစ်ချို့ ရှိနေတာမို့ ရပ်နားလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ ဖြုံဘူးရွှာတွင် ရုပ်ရှင်ရိုက်ကူးလျက်ရှိသော ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ် ဇာတ်ကားကြီးရိုက်ကူးနေရာတွင် သတ်မှတ်ရိုက်ကွင်းများ မြစ်ရေ များလွှမ်းမိုးသွားပါ၍ ရိုက်ကူးခြင်းကိုရပ်နားလိုက်ရပါတယ်” လို့ ဆိုကာ ကျေးရွာတာဝန်ခံ ဦးဆွေက အတိအလင်း ကြေညာခဲ့ ပါတယ်။ ပြန်လည်ရိုက်ကူးမယ့်အချိန်ကိုလဲ သူကထည့်သွင်း ကြေညာပေးထားပါတယ်။

လာမည့် ၂၀၂၀ခုနှစ် ဇန်နဝါရီလလောက်မှာတော့ ပြန်လည်ရိုက်ကူးကြဖို့ သဘောတူထားကြတယ်လို့ လဲသိရပါတယ်။ ဒီဇာတ်ကားကို တော့ ဇူလိုင်လ ၁၇ ရက်နေ့က ဇာတ်ကား ကန်တော့ပွဲပေးပြီး စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ ဝတ်မှုံရွှေရည် နဲ့ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်တွေအားလုံးကလဲ ဆက်လက်ရိုက်ကူး စေချင်သလို သူတို့တွေအားလုံးကလဲ ပြီးဆုံးတဲ့ အထိ ကြိုးစားရိုက်ကူးကြမှာပါလို့လဲ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်တွေကိုကျေးဇူးအထူးတင်ရှိပါတယ်။

Source – U swe’sfb၊ Dwun

(Visited 12763 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ