Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လှတဲ့မိန်းကလေးတွေ လင်ကံမကောင်းဘူးလို့ ဒဲ့ပြောလာတဲ့ မယ်လိုဒီ

အနုပညာလောကမှာ နေရာတစ်ခုရရှိထားပြီး ယနေ့ချိန်ထိ အောင်မြင်နေဆဲဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချော မယ်လိုဒီ က ဒီနေ့မှာတော့ ကံအကြောင်းမလှတဲ့ အမျိုးသမီးတစ်ချို့အကြောင်းကိုပြောပြလာပါတယ်။ လတ်တစ်လောမှာ ကြားသိနေရတဲ့ အနုပညာရှင်တွေကြားထဲက ပြဿနာတစ်ချို့ကို အခြေခံပြီးပြောလာတယ်လို့ ယူဆရပေမယ့် သူမစိတ်ကူးပေါက်ပြီး ရေးချထားတာလဲ ဖြစ်နိုင်ပါတယ်။

သူမရေးခဲ့တာကတော့ လှတဲ့ မိန်းကလေးတွေကိုဘဲ ရည်ညွှန်းပြီးရေးထားတာပါ အဲ့ဒါကတော့ ” လှတဲ့မိန်းမတွေ လင်ကံမကောင်းဘူး ဒဲ့ဘဲ အနာရှိရင်စပ်ကြ ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။

မယ်လိုဒီဟာ တစ်ချိန်က အမျိုးသားထုကြီးရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့ပြီး သူမရဲ့ လှပတဲ့အသားအရည်နဲ့ အမိုက်စားကိုယ်လုံးလေးတွေကြောင့် ပရိသတ်တွေက အရမ်းကို ချစ်ကြတာလဲ ဖြစ်ပါတယ်။

ယခုချိန်မှာတော့ အရမ်းကို ချစ်စရာကောင်းပြီး ခန့်ချောလေးလို့ပြောရမယ့် သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ကြည်နူးစရာမိသားစုဘဝလေးနဲ့ လူအများအားကျခဲ့ရတဲ့ မိသားစုလေးပါနော်။

Snow(mcc)
Source – melody’sfb

(Visited 2181 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ