Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လေကြောင်းလိုင်း ၂ခုရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ စိုင်းစိုင်းခမ်းလှိုင်

တစ်ချိန်က ဆယ်ကျော်သက်ပရိသတ်တွေက ယခုအချိန်လူလတ်ပိုင်း လူကြီးပိုင်းဖြစ်တဲ့အချိန်အထိ အားပေးလက်ခံလာကြတဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးအဆိုတော် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အသက်တစ်နှစ်ကြီးလာလေလေ အောင်မြင်မှုတွေ ရလာလေလေပါဘဲ ။ သူဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီတွေရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံထားရသူလဲ ဖြစ်ပါတယ်။

သူက လတ်တလောမှာတော့ MAI နှင့် Air KBZ လေကြောင်းလိုင်းနှစ်ခုစလုံး ရဲ့ Brand Ambassador အဖြစ် ထပ်မံ ခန့်အပ်ခြင်း ခံလိုက်ရသူဖြစ်ပါတယ်။ အဆိုပါ ခန့်အပ်ပွဲကို ယနေ့သြဂုတ်လ (၂၃)ရက်နေ့ မှာ ကျင်းပြုလုပ်ခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းရဲ့ ဒုတိယဥက္ကဋ္ဌ Mr Ryan Zwel က ခန့်အပ်လွှာပေးအပ်ခဲ့တယ်လို့လဲသိရပါနတယ်။

စိုင်းစိုင်းက ရုပ်ရှင်ကားကြီးတွေများစွာ ရိုက်ကူးပုံဖော်ခဲ့ပြီ သီချင်းတွေလဲ များစွာသီဆိုခဲ့သူဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို စိုင်းစိုင်းရဲ့ပရိသတ်တွေသိရှိနိုင်စေဖို့ ရေးသားဖော်ပြလိုက်ပါတယ်နော်။

စိုင်းစိုင်းရဲ့ ပရိသတ်တွေ မျှဝေသွားဖို့ မမေ့ပါနဲ့နော်။

Source – Myanmar_Digital_News

(Visited 352 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ