လူ့လောကရဲ့ အရှုပ်အထွေးကြားကနေ အေးချမ်းလှတဲ့ သာသနာ့ဘောင်ဝင်သွားတဲ့ သရုပ်ဆောင် သူရိယ

စိန်ဘယက် ဆေးကြော်ငြာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သရုပ်ဆောင်သူရိယဟာ ယခုနောက်ပိုင်း အနုပညာလောကမှာတော့ ကာရိုက်တာမျိုးစုံနဲ့ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးပုံဖော်လာနိုငိတဲ့ နိုင်ငံကျော်မင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ဆိုးရွားလှတဲ့ လမ်းခွဲမှုမျိုးကို ပြုလုပ်ခဲ့ပြီး ရည်းစားဟောင်းဘက်က ဖြေရှင်းလာတဲ့ကိစ္စတွေကိုတောင် တုန့်ပြန်ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာ နေထိုင်လာခဲ့တာလဲ ဖြစ်ပါတယ်။

သို့ပေမယ့် သာမာန်အေးချမ်မှုထက် အဆပေါင်းများစွာသာတဲ့ အေးချမ်းမှု အစစ်အမှန်ကို ယနေ့မှာတော့ ရှာဖွေတွေ့ရှိ ခဲ့ပါပြီ။ သရုပ်ဆောင် သူရိယ ဟာ လူ့ဘောင်လောကကနေ သာသနာ့ဘောင်သို့ ကူးပြောင်းသွားခဲ့င်္ပြီး သူ့ရဲ့ ဘွဲ့အမည်ကတော့ ဥပဉ္ဇင်း နာယက ဘဲဖြစ်ပါတယ်။ ရဟန်းဘဝနဲ့ ကြည်ညိုစရာကောင်းတဲ့ လွန်းတဲ့ ပုံရိပ်တွေကို ချစ်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

မင်းသားသူရိယရဲ့ ပရိသတ်တွေက ဥပဉ္ဇင်း နာယက ရဲ့ ကုသိုလ်ထူးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Snow(MCC)
Source – thuriya ‘sfb

(Visited 3315 times, 34 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ