Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လူအယောက် (၁၀၀၀)ကျော်ကို စတုဒီတာ လှူဒါန်းခဲ့တဲ့ မိုးယုစံတို့ မိသားစု

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချော မိုးယုစံဟာ သူမချစ်တဲ့ မိသားစုတွေနဲ့အတူ သူမချစ်တဲ့ ပရိသတ်ကြီးကို အလှူကြီးပေးခဲ့ပါတယ်။ သူမဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးခဲ့ပေမယ့် ပရိသတ်တွေနဲ့ကတော့ အမြဲလိုလို အဆင်အသွယ်မပြတ်ရှိနေသူလဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်စရာကောင်းတဲ့ သားလူချောလေးကြောင့်လဲ ပရိသတ်တွေနဲ့ အမြဲ အဆက်အသွယ်ရှိနေတယ်လို့ပြောလို့ ရပါတယ်။ သားလေးကိုချစ်ကြတဲ့ပရိသတ်တွေက သားလေးကို ချစ်ကြတာကြောင့် သု့ရဲ့ပုံလေးတွေအောက်မှည ချစ်စရာကောင်းတဲ့ကောမန့်လေးတွေလဲ ရေးသားခဲ့ကြပါတယ်။

မိုးယုစံတို့ ဇနီးမောင်နှံဟာ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ချပြလေ့ရှိပြီး ယနေ့မှာတော့ သူတို့မ်သားစုခေးရဲ့ မွန်မြတ်လှတဲ့ အလှူပြုနေတဲ့ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။ သူတို့မိသားစုဟာ မိသားစုအလှူ အဖြစ် လူအယောက်၁၀၀၀ကျော် စတုဒီတာလှူဒါန်းခဲ့ပြီး လူ ၁၀၀၀စာ ဗလာမပါကံစမ်းမဲအလှူ၊ ၁သိန်း၃ဆု ၅သောင်း၃ဆု ၁သောင်း၅ထောင် ဆုများမဲဖောက်လှူဒါန်းခဲ့ပါတယ် လို့လဲ မိုးယုစံ ဖေ့စ်ဘုတ်စာမျက်နှာမှ သိခဲ့ရပါတယ်။

မိုးယုစံတို့ မိသားစုလေးရဲ့အလှူကို ဝမ်းသာပီတိဖြစ်တယ်ဆိုရင် မေတ္တာပို့ ဆုတောင်းပေးခဲ့ ကြပါအုံးနော်။ ကြည့်ရူ့ပေးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Snow(mcc)

(Visited 2350 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ