Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လူအများအရှေ့မှာ မျက်ရည်မကျမိအောင် နေမယ် ဆိုတဲ့ အေသင်ချိုဆွေ

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ အဆိုတော်သရုပ်ဆောင်အေသင်ချိုဆွေဟာ အနုပညာလောကနဲ့ အနည်းငယ်ဝေးကွာခဲ့ပေမယ့် ယခုချိန်မှာတော့ ခံစားချက်အမိုက်စားသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရရှိခဲ့သူလဲ ဖြစ်ပါတယ်။ သူမက လက်ရှိအချိန်မှာတော့ Single Mom တစ်ယောက်အဖြစ်ရပ်တည် နေပြီး သမီးဖြစ်သူအတွက်ဦးစားပေးကာ စဉ်းစားနေသူတစ်ယောက်လဲဖြစ်ပါတယ်။

သူမ သမီးအပေါ်ထားတဲ့ စိတ်တစ်ချို့ကိုပြောပြလာပါတယ်။ အဲ့ဒါကတော့ “အခုအချိန်မှာ ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အမြဲလိုအပ်နေတာဆိုလို့ ကျွန်မ သမီးတယောက်ပဲရှိတယ်။ “မေမေ” လို့ အားကိုးတကြီး ခေါ်လိုက်တိုင်းမှာ ကျွန်မ သဘောကျမိတယ်။ စိတ်ခွန်အားတွေ လည်းအများကြီးရတယ်။ ယုံကြည်မှုလည်းပိုပြင်းထန်လာတယ်”

“တခါတလေ ဝင်ဝင်လာတဲ့သိမ်ငယ်စိတ်တွေ ကို လည်း အနိုင်ယူနိုင်လာပြီ။ ဘယ်တုန်းကမှ အင်တာဗျူးဖြေရင် မျက်ရည်မကျခဲ့ဘူး ။ မေးခွန်းတွေ ဘယ်လောက်ပတ်ပတ်မေးမေး တင်းခံနိုင်ခဲ့တာ။ မျက်ရည်ကျရမှာကို ရှက်တာ။မနေ့ကတော့ ဘာဖြစ်နေမှန်းမသိဘူး သူ့ဟာသူကို အလိုလို ငိုချင်နေတာ။ လူအများကြီးရှေ့မှာ မျက်ရည် ကျမိတာ ဒါပထမဆုံး နဲ့ နောက်ဆုံးအကြိမ်ပဲ။ နောက်ဘယ်တော့မှ အဲ့လိုထပ်မဖြစ်စေရဘူး”လို့ ဆိုကာ အင်တာဗျူးဖြေရင်း ငိုခဲ့ရတာကြောင့် သူမကိုယ်သူမ အားပေးစကားပြောခဲ့ပါတယ်။

အေသင်ချိုဆွေ ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့သီချင်းကတော့ လူငယ်အများစုကြိုက်ကြသလို လူတော်တော်များနဲ့လဲ တိုက်ဆိုင်မှုရှိတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ နားထောင်ပြီးသူတိုင်းကပြောကြပါတယ်။ သူ့ သီချင်းလေးရဲ့ နာမည်က Don’t Hate Yourself ဖြစ်ပြီး လူတွေကြားမှာဖြစ်တက်တဲ့ အကြောင်းအရာလေးကို ရေးဖွဲ့ထားတာလဲဖြစ်ပါတယ်။

Snow(mcc)

(Visited 2850 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ