Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လူသတ်ကား ဆန်ဆန်ရိုက်ကူးထားတဲ့ သူစိမ်းအိမ်ရဲ့ အောင်မြင်မှု

လူသတ်ကားကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာရိုက်ကူးထားပြီးပရိသတ်ချစ်တဲ့ နိုင်ငံကျော် အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတဲ့ သူစိမ်းအိမ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို နမူနာထွက်ရှိလာတဲ့ ဗီဒီယိုလေးနဲ့တင်လူတွေရဲ့ စိတ်ဝင်စားမှုကို များစွာရရှိထားတာလဲ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားမှာ ပုံတွေ စတင်ထွက်ရှိလာချိန်မှာတော့ အားလုံးက သရဲကားလို့ ထင်နေကြပေမယ့် ဗီဒီယိုလေး ထွက်ရှိလာချိန်မှာတော့ လူသတ်ကားဆန်ဆန် အပြင်အဆင်မျိုးလေးကို တွေ့မြင်ရပါတယ်။

အဆိုပါ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးက လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လင်းဇာနည်ဇော် နဲ့ ဖွေးဖွေးတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။ ဒီဇာတ်ကားကို လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သူ့ရဲ့ ဒုတိယမြောက်ခြေလှမ်းလဲ ဖြစ်ပါတယ်။ သူဟာ ပထမခြေလှမ်းဖြစ်တဲ့ ည ရုပ်ရှင်ဇာတ်ကားကိုလဲ ရိုက်ကူးထားပြီး အဲ့ဒီကားတုန်းကလဲ အားပေးတဲ့ ပရိသတ်များစွာရှိခဲ့ပါတယ်။

လက်ရှိ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ(၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး မကြာသေခင်ရက်ပိုင်းက မှ သူစိမ်းအိမ် Trailer ကိုတင်ခဲ့ပြီး ၁ရက်အတွင်းမှာဘဲ ကြည့်ရှု့အားပေးသူ ၅သိန်းကျော်ခဲ့ကာ 1 million Reach ရောက်ခဲ့တဲ့အတွက် အရမ်းကို ကျေနပ် ပီတိဖြစ်နေခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးပိုင်ဇော်ဦးက “ Boost မလုပ်ရသေးဘဲ တစ်ရက် အတွင်း 1 million Reach ရောက်ခဲ့တဲ့အတွက် ပျော်ရတဲ့ ပီတိ ? အားလုံးကို ချစ်တယ်” ဆိုပြီးလဲ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီ ပို့စ်မတိုင်ခင်က “ သြဂုတ်လ (၁) ရက်နေ့ ရုံတင်ရင် လာအားပေးကြပါဦး !!!! သူစိမ်းအိမ် Trailer တင်ပြီး ၁ ရက် အတွင်း ကြည့်ရှုအားပေးမှု ၅ သိန်းကျော် ၊ Like ပေးသူ ၂ သောင်းကျော် ၊ Comment ပေးမှု ၆ ထောင် နှင့် Share ပေးသူ ၁ သောင်း ကျော် ၊ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ” ဆိုပြီးလဲ ရေးသားထားပါသေးတယ် ။ ချစ်ပရိသတ်ကြီးအနေနဲ့ ရုံတင်ပြသတဲ့အခါမှာလဲ အားပေးကြပါဦးလို့ ရေးသားထားပါတယ်။

Source – htoo paing zaw oo’s fb

(Visited 1048 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ