Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လူဆို၊လူလိုတွေးပြီး လူလိုရေးပါဗျာ ဆိုတဲ့ ဇွဲနိုင်ဝင်း

တစ်ခေတ်တစ်ခါက ကိုသားကြီး(ဒွေး)နဲ့အတူ ရုပ်ရှင်ကားတွေ ဗီဒီယိုကားတွေများစွာ ရိုက်ကူးပုံဖော်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဇွဲနိုင်ဝင်းက ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရပုံလေးတွေကို သူ့ရဲ့ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီလို အမှတ်တရတင်ထားတဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေအထင်မှားစေတဲ့ ခေါင်းစဥ်တွေနဲ့ ရေးသားဖော်ပြထားတဲ့ ပေ့ချ်တွေကို ထိထိမိမိတုန့်ပြန်ပြောဆိုလိုက်ပါတယ်။

သူရေးသားခဲ့တာကတော့ ” လာပြန်ပြီ နောက်ထပ် ဦးနှောက်မရှိ တဲ့ Media Page . သူများချီးစားတိုင်း လိုက်စားတာပဲလား ခင်ဗျားတို့က ။ခင်ဗျားတို့ media က တတ်ထား တဲ့ နာမည်မှ အားမနာ​လူလို ရေးပါဗျာ။ ဖတ်မိတဲ့သူတွေအတွက် ဘာ ဗဟုသုတမှလဲမရဘူး။ပြီးတော့ မဟုတ်က ဟုတ်ကအောက်တန်း ကျတယ့် ခေါင်းစဉ်တွေပေးပြီး ရေးရတယ်လို့ ။ ခင်ဗျား ကျုပ်တင်ထားတဲ့ အဲ့ photo album မှာစာတွေ့လား။လူဆိုလူလိုတွေးပြီး လူလိုရေးပါဗျသိလား”

“ကျုပ် wallက နေလဲ လာမသေးတယ် ရေးတော့အောက်တန်း ကျတယ့် အရေးအသားနဲ့ ခေါင်းစဉ်ပြန်တတ့်ပြီးတင်တယ်။ မဟုတ်က ဟုတ်က အဲ့လိုတွေ ရေးမှ ခင်ဗျားတို့ media ကို လူဝင်ကြည့်ကြလား ။မသိလို့နော်။Media ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ခု အောက်တန်းကျတယ့် ပုံစံမျိုးနဲ့ မလုပ်စားပါနဲ့ဗျာ။ခင်ဗျားတို့ ခုလိုလုပ်တာ တကယ်အလုပလုပ်တဲ့ media တွေပါ သိက္ခာကျတယ်သိလား ။မရှက်ဘူး ခင်ဗျားတို့ပေးထားတဲ့ media နာမည် နဲ့ ခင်ဗျားတို့ ခု လို မဟုတ်မဟတ် ခေါင်းစဉ်တတ်ရေးတဲ့ လုပ်ရပ်တွေက အရမ်းအောက်တန်းကျနေတယ်နော် ။ လူ လိုတွေးပြီး လူလိုရေးလဲ ထမင်းစားရပါတယ်ဗျာ သိလား” လို့ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် ” ခါတိုင်းလဲ ဒီလိုပဲတင်တယ်ဗျာ။ အကိုရိုက်တယ့်ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းပုံတွေ ကြော်ငြာတွေထဲက ပုံတွေ အများကြီးပါဗျာ။မင်းသမီးတွေလဲ အများကြီးပဲ။ ကျုပ် wall မှာ အမြဲ တင်ထားတာ တလောကလုံးသိတယ်။ မနေ့တစ်နေ့ကမှ ခွေးတိုးပေါက်ကနေ အနေအစားချောင်လို့ ဝင်လာပြီး မဟုတ်က ဟုတ်က caption တွေရေးပြီး လုပ်စားတဲ့ media တွေ”

“ဒါမျိုးကိစ္စက ခင်ဗျားတို့ Icon နာမည်ကြီး အောင်အသုံးချပြီး လုပ်စား သင့်တယ့် အရာမဟုတ်ဘူးနော် သိလား ။ ကျုပ် က လူချစ်အောင်လဲ ပေါ်ပင် မလုပ်တတ်သလို လူမုန်းအောင် လဲ မနေဘူး ။ကိုယ့် ဘာသာကို နေတာ အဲဒါကို လာပြီး စောက်တလွဲတော့ လာမလုပ်နဲ့ နော် ခု ကိစ္စကို စောက်တလွဲလုပ်နေတယ့် မီဒီယာတွေ ခု ဒီကိစ္စက ဘယ်တိုင်းတာထိ ဆိုးဝါးသွားတယ်ဆိုတာ လူဆိုရင် လူလို တွေးသင့် ရေးသင့်တယ်” လို့ ဆိုပြီးလဲ ထပ်မံရေးသားခဲ့ပါတယ်။

သရုပ်ဆောင် ဇွဲနိုင်ဝင်းက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တစ်ချိန်က ကိုသားကြီးနဲ့ အတူရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ ကြော်ငြာ ရဲ့ အမှတ်တရဓာတ်ပုံတွေ၊မင်းသမီးတွေနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ပုံတွေကို သတိရစွာ နဲ့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ တင်ပြလေ့ရှိပါတယ်။ ချစ်ပရိသတ်တွေကရော ကိုသားကြီး နဲ့ ဇွဲနိုင်ဝင်းတို့ အတူတူတွဲဖက်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလောက်မှတ်မိကြသေးရင် ပြောပြခဲ့ပါအုံးနော်။

Snow(mcc)

(Visited 60381 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ