Myanmar Cele Crazy | Myanmar Celebrity News

Myanmar Celebrity News, Myanmar Actor, Myanmar Actress, Myanmar Celebrity Update News

လိုအပ်နေသူတွေကို ချက်ချင်း ကူညီတက်တဲ့ ဂျွန်လွင်နဲ့ Sinon

ဂျွန်လွင် နဲ့ Sinon ဟာ သူတို့ချစ်တဲ့အနုပညာတွေကို အကောင်းဆုံးဖန်တီးနေကြသူတွဖြစ်ပြီး ပရဟိတအလုပ်တွေကိုဆို လက်မနှေးဘဲ အမြန်ဆုံးလုပ်ဆောင်တက်သူတွေလို့ ဆိုရမှာပါ။ သူတို့ဟာ ယခု ရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာတက်လာတဲ့ ကလေးလုပ်သားတစ်ယောက်ရဲ့ မိသားစုအတွက် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေခဲ့ရတဲ့ သတင်းကို ကြားကြားခြင်းမှာဘဲ အဆိုပါကလေးနဲ့ဆက်သွယ်ကာ ထောက်ပံ့ကူညီပေးခဲ့ကြပါတယ်။

ဂျွန်လွင်ကတော့ ကူညီခွင့်ရခဲ့တာနဲ့ပတ်သက်ပြီး ” ညီလေးချစ်မင်းထက်နဲ့အဆက်သွယ်ရပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ မိဘအပေါ်သိတတ်မှု၊ မိသားစုအပေါ် အလေးထား တာဝန်ယူတတ်တဲ့ မင်းရဲ့ စိတ်ဓာတ်​​ကောင်းတခုအတွက် အခုကစပြီး ညီ​​လေး ဘ၀အတွက် အဆင်ပြေအောင်ကူညီမယ့် သူပေါ်လာတာပေါ့၊ လက်​ပြတ်တဲ့ဒဏ်ရာ ရှိ​နေတာတောင် တစ်နေကုန်အလုပ်လုပ်ပြီး နေ့စားရတဲ့ငွေ ၅၀၀၀ ကို အိမ်ကို​ပြန်ထောက်ပံ့ပေးတဲ့ လူတယောက်ဖြစ်လို့ အရမ်းကိုလေးစားပီတိဖြစ်ပါတယ်။

” ညီလေးရဲ့ ဘဝရပ်တည်မှုအတွက် အလုပ်အကိုင်တခု စတင်တဲ့အခါလိုအပ်မယ့် စက်ပြင်သင်တန်း​ကျောင်းတက်ခွင့်ရအောင်လည်း စီစဥ်ဆောင်ရွက်ပေးပါမယ်။ ညီ​လေး အမေ စျေးရောင်းဖို့အတွက်နဲ့ အဖေ့ဆေးဖိုး အသုံးစရိတ်အတွက် အခု လောလောဆယ် အလှူငွေ၂သိန်း လှူဒါန်းပေးလိုက်ပါတယ်။ လစဥ်ထောက်ပံ့ဖို့အတွက်နဲ့ လိုအပ်သည်များကိုလဲ ဆက်လက်ကူညီပေးသွားပါမယ်။ အခုလို ကူညီနိုင်အောင် သွားရောက် စုံစမ်းဆက်သွယ်ပေးတဲ့ Poision Maryar နဲ့ အလှူရှင်တွေ​ပေါအောင် အကူအညီပေးနိုင်အောင် Sharing ပြုလုပ်ပေးတဲ့ ရေကြည်ရာ yaykyiyar Media အား ကျေးဇူးတင်ရှိပါတယ်” လို့ဆိုကာ ကူညီခွင့်ရလို့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

မော်ဒယ် Sinon ကလဲ “Such an emotional morning! Two days ago, a video popped out on my facebook account. A heart melting story of a Burmese boy who is still trying to support his family even after his very unfortunate accident happened last year. His story inspired me to do my best to find him and his family, to see his situation and give some gift. I don’t want to live in the kind of world where we don’t look out for each other. Not just the people that are close to us, but anybody who needs a helping hand. I cant change the way anybody else thinks, or what they choose to do, but I can do my bit and share the message that there’s a lot of people out there who needed our support, love and kindness 🥺💙”လို့ ဆိုကာ ပုံတွေနဲ့အတူရေးသားဖော်ပြခဲ့ပါတယ်။

ခုလို ကူညီကျတဲ့ ကိုယ်ချင်းစာတရားတွေနဲ့ ပရဟိတစိတ်ဓာတ်လေးတွေက အရမ်းကိုကြည်နူးစရာကောင်းနေပါတယ်။ ဂျွန်လွင် နဲ့ sinon တို့အတွက် ချီးကျူးဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော်။

Snow(mcc)

(Visited 692 times, 1 visits today)

About The Author

အခြားစိတ်ဝင်စားဖွယ်သတင်းများ